Connect with us

Sport

အာဆီယံ နိုင်ငံများ စုပေါင်း စက်ဘီးစီး သရုပ်ပြပွဲ မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသွားမည်

စက်ဘီးစီး ပြိုင်ပွဲ တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အားကစားနှင့် ကာယပညာ ဦးစီးဌာန)

ရန်ကုန် ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အာဆီယံ ၁၀ နိုင်ငံမှ အားကစားသမား ၂၉၀ ဦး ပါဝင်၍ အာဆီယံ နိုင်ငံများ စုပေါင်း စက်ဘီးစီး သရုပ်ပြပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

အာဆီယံ နိုင်ငံများ စုပေါင်း စက်ဘီးစီး သရုပ်ပြပွဲအား မေလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှေ ့မှ စတင် တာလွှတ်ပြီး ဝေဇယန္တာလမ်း အတိုင်း ကျောက်ရေတွင်းထိ စီးနင်း၍ ထိုမှ ပြန်ကွေ့၍ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) ရှေ့၌ ပန်းဝင်မည် ဖြစ်ကြောင်း သိရသည်။
အာဆီယံ နိုင်ငံများ စုပေါင်း စက်ဘီးစီး သရုပ်ပြပွဲအား ကျန်းမာရေး ဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်တို့ပူးပေါင်း၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.