Connect with us

Sport

ကမ္ဘာ့အဆင့် ကိုရီးယားရိုးရာ နပမ်း အားကစား ပြိုင်ပွဲအား မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် လက်ခံ ကျင်းပမည်


ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ကိုရီးယားနိုင်ငံ၏ ရိုးရာ နပမ်း အားကစားနည်း ဖြစ်သော Ssireum အား အာရှနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် The 5th World Ssireum Champion and 1st Asia Ssireum Championship ပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ပြုလုပ်သွားမည်ဟု အားကစား ဝန်ကြီးဌာနမှ သိရသည်။

ကိုရီးယား ရိုးရာနပမ်း အားကစားနည်း Ssireum အား နိုင်ငံတကာ အားကစား အသိုက်အဝိုင်း အတွင်း ပိုမို ကျယ်ပြန့် ဖြစ်လာစေရေး အတွက် အာရှနိုင်ငံများတွင် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ၌ စတင် ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် နိုင်ငံ ၁၇ နိုင်ငံ မှ ၂၀ နိုင်ငံ အထိ ပြိုင်ပွဲဦးရေ ၂၀၀ ကျော်ခန့်ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

ကမ္ဘာ့အဆင့် ကိုရီးယားရိုးရာ နပမ်း အားကစား ပြိုင်ပွဲ (ဓာတ်ပုံ-ssireum.sports.or.kr)

ထိုပြိုင်ပွဲတွင် ဥရောပ ၊ အာဖရိကနှင့် အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာရှ နိုင်ငံများမှ ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117