Connect with us

Sport

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု ပွဲစဉ်တွင် မြန်မာ နှင့် တီမောသရေကျ

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာ နှင့် တီမောအသင်းတို့ ယှဉ်ပြိုင်နေကြစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု ပွဲစဉ်တွင် မြန်မာအသင်းသည် တီမောအသင်းကို နာကျင်အချိန်ပို၌ ရရှိခဲ့သည့် သွင်းဂိုးဖြင့် သရေကျခဲ့ပြီး လက်ရှိတွင် မြန်မာအသင်းမှ ရမှတ် ၄ မှတ် ရရှိထား ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ယခုပွဲတွင် ပွဲချိန် ၁ မိနစ် မပြည့်မီ ကတည်းက တီမော အသင်း၏ ဦးဆောင်မှုကို ခံခဲ့ရပြီး နာကျင် အချိန်ပို ၂ မိနစ်တွင် ချေပဂိုး ပြန်ရခဲ့ သောကြောင့်သာ ရှုံးပွဲမကြုံတွေ့ ခဲ့ရခြင်း ဖြစ်သည်။

” တီမောလို အားနည်းတဲ့ အသင်းကိုတောင် ကျွန်တော်တို့ အနိုင်မကစား နိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ အားနည်းချက် များစွာ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကံကောင်းလို့ သရေကျခဲ့တာပါ”ဟု မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

မြန်မာ ယူ-၁၉ အသင်းသည် ပွဲစစချင်းမှာပင် ရုတ်တရက် အငိုက်မိကာ တီမော အသင်း၏ ဦးဆောင်ခြင်းကို ခွင့်ပြုခဲ့ရသည်။ ယင်းနောက်တွင် ချေပဂိုး ပြန်လည် ရရှိရန် အားထုတ် ခဲ့သော်လည်း ပထမပိုင်း ပွဲချိန် တစ်လျှောက် ကစားပုံ ဆိုးရွားခဲ့ပြီး တီမော အသင်းကသာ မြန်မာအသင်း ဂိုးပေါက်ကို ခြိမ်းခြောက် နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်မူ မြန်မာ အသင်းက အသာစီး ရလာခဲ့ပြီး တီမော အသင်းကို ဖိကစား လာခဲ့သည်။ အပိုင် ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း တိုက်စစ်မှူးများ အားနည်းခဲ့ သောကြောင့် ဂိုးမရခဲ့ပေ။ သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီးနောက် နာကျင် အချိန်ပို ၄ မိနစ်တွင်မူ မြန်မာ အသင်း ချေပဂိုး ရခဲ့သည်။ ယင်းဂိုးကို နာကျင် အချိန်ပို ၂ မိနစ် အရောက်တွင် ဘယ်ခြမ်း လက်ပစ်ဘောမှ တဆင့် တိုက်စစ်မှူး အောင်ဇင်ဖြိုးက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် လက်ရှိ အချိန်တွင် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်၌ ရမှတ် ၄ မှတ် ရရှိထားသည်။ မြန်မာ ယူ-၁၉ အသင်းသည် လာမည့် သြဂုတ်လ ၂၉ ရက်တွင် မလေးရှား အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117