Connect with us

Sport

ကာဂျစ္စတန် နှင့် မြန်မာ အာရှဖလား ခြေစစ်ပွဲစဉ် ရွှေ့ဆိုင်း

မြန်မာ လက်ရွေးစင် အသင်း၏ လေ့ကျင့်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ကာဂျစ္စတန် လက်ရွေးစင် အသင်း နှင့် မြန်မာ လက်ရွေးစင် အသင်း ယှဉ်ပြိုင်ကစားမည့် အာရှဖလား ခြေစစ်ပွဲအား ရက် ရွှေ့ဆိုင်း ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ သတင်းထုတ်ပြန်ခဲ့သည်။

ကာဂျစ် ဘောလုံး အဖွဲ့ချုပ် သည် လုံခြုံရေး စိတ်ချရခြင်း မရှိသဖြင့် ထိုပွဲစဉ်အား ရက်ရွှေ့ပေးပါရန် အာရှ ဘောလုံး အဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား မေတ္တာရပ်ခံခဲ့ရာ သဘောတူခွင့်ပြုခဲ့သဖြင့် ပွဲရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။မြန်မာ့လက်ရွေးစင် အသင်း နှင့် ကာဂျစ္စတန် လက်ရွေးစင် အသင်းတို့သည် မူလက စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန် နိုင်ငံ ၊ ဘစ်ရှက်ခ်မြို့ ဒိုလန် အူမာဇာကောဗ့်ကွင်း၌ အာရှဖလား ခြေစစ်ပွဲစဉ်အား ယှဉ်ပြိုင်ကစားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ကာဂျစ် နှင့် မြန်မာတို့ ပြန်လည် ကစားမည့် ရက် နှင့် အချိန် ၊ နေရာ တို့ကို အာရှ ဘောလုံးအဖွဲ့ချုပ် မှ ပြန်လည် ရေးဆွဲ ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117