Connect with us

Sport

ထိုင်းနိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာ လက်ဝှေ့ပွဲစဉ်တွင် မြန်မာကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်မည်

WLC -14 Lethwei Showcase ပြိုင်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- WLC- World Lethwei Championship¬)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ဒုတိယအကြိမ် ကျင်းပမည့် ပရိသတ်မပါသောနိုင်ငံတကာလက်ဝှေ့ပွဲစဉ်ဖြစ်သည့် WLC -14  Lethwei Showcase  ပြိုင်ပွဲကို   စက်တင်ဘာ  ၂၅  ရက်တွင်  ကျင်းပမည်ဖြစ်ပြီး၊ မြန်မာကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

WLC- World Lethwei Championship မှ ဥက္ကဋ္ဌ ဦးဇေသီဟ က “  WLC: Lethwei Showcase ကတော့ ခပ်ကြမ်းကြမ်းထိုးသတ်တတ်တဲ့ စပိန်ဖိုက်တာဖရန်စစ္စကိုမီညာလက်စ်နဲ့ လက်ရှိချန်ပီယံ WLC အလဲထိုးဘုရင် အန်တိုနီယိုဖာရဲရားတို့ကြောင့် ပရိသတ်ကျေနပ်ကြမှာပါ။ ဒီပွဲနဲ့အတူ တခြားပွဲကောင်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ် ”ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၃ ရက် တွင်ပြောကြားသည်။

အဆိုပါပြိုင်ပွဲ   ငါးချီစိန်ခေါ်ပွဲတွင်  လိုက်ဝယ်လ်သာဝိတ် (၆၀ – ၆၃.၅ ကီလို)  ကမ္ဘာ့ချန်ပီယံ လုပွဲ၌     အန်တိုနီယိုဖာရီယာ(ပေါ်တူဂီ)နှင့်    ဖရန်စစ္စကို မီညာလက်စ်(စပိန်)၊     မစ်ဒယ်ဝိတ်   (၇၁ – ၇၅ ကီလို)  ပြိုင်ပွဲ၌     ဆန်းဆွက် (ထိုင်း)နှင့်     နီကိုမန်ဒက်စ်(စပိန်)၊  လိုက်မစ်ဒယ်ဝိတ်   (၆၇ – ၇၁ ကီလို)   ပြိုင်ပွဲ၌        လီဟာနီ ဟန်းနရစ် (ဘရာဇီး)နှင့်      ဝလာဒီမာရှူးလက်ခ်   (ရုရှား)၊ လိုက်ဝယ်လ်သာဝိတ်(၆၃ – ၆၃.၅ ကီလို) ပြိုင်ပွဲ၌စောလှမင်း (မြန်မာ)နှင့်   ယိုရယ်လ်ပီကေး (အာဂျင်တီးနား)၊    ဘင်တန် ဝိတ် (၅၁ – ၅၄ ကီလို) ပြိုင်ပွဲ၌     ဖကျော်ဟဲ (မြန်မာ)နှင့် ဘန်ဒါဆက်(ထိုင်း)၊ ဘင်တန်ဝိတ် (၅၁ – ၅၃ ကီလို) ပြိုင်ပွဲ၌ ဂျေးချေ (မြန်မာ)နှင့် အယ်လ်လန်ဂါရီအာယွတ် (မော်ရိုကို)တို့ကလည်းကောင်း၊ အမျိုးသမီး ဘင်တန်ဝိတ် (၅၁ – ၅၄ ကီလို) သုံးချီပြိုင်၌ ပက်ချ်နာရီ (ထိုင်း) နှင့် မိုင်ရီယမ်ဆာ ဘော့တ်  (အီတလီ)  တို့   ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

WLC: Lethwei Showcase ကို စက်တင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန်ညနေ ၆:၃၀ နာရီတွင် မြန်မာနိုင်ငံအတွင်း Canal+ ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အားကစား ဒစ်ဂျစ်တယ်ပလက်ဖောင်းဖြစ်သော UFC Fight Pass ကလည်း ပြသသွားမည်ဖြစ်ကာ အခြားနိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.