Connect with us

Sport

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့် ၁၃၅ တွင် ရပ်တည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် က ကမ္ဘာ့နိုင်ငံ့လက်ရွေးစင်အသင်းအသီးသီး ၏ စက်တင်ဘာလ အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အား ထုတ်ပြန်ရာတွင် မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ကမ္ဘာ့အဆင့် အဆင့် ၁၃၆ မှ အဆင့်၁၃၅ တွင် သို့ အဆင့်တစ်ဆင့် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။

“မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ စက်တင်ဘာလ အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် မှာ ရမှတ် ၁၀၈၁ မှတ် ရပြီး အဆင့်တစ်ဆင့်မြင့်တက်ခဲ့ပါတယ်။ အာဆီယံဇုန်သတ်မှတ်ချက် မှာလည်း အဆင့် ၄ နေရာမှာ ဆက်ပြီးရပ်တည်ခဲ့ပါတယ်”ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

စက်တင်ဘာလ တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည့် အဆင့်သတ်မှတ်ချက်အရ အာဆီယံနိုင်ငံအသင်းအချို့၏ အခြေအနေမှာ ဗီယက်နမ်အသင်းသည် ကမ္ဘာ့အဆင့် (၉၄) နှင့် အာဆီယံအဆင့် ၁ ၊ ထိုင်းအသင်းသည် ကမ္ဘာ့အဆင့် (၁၁၄) နှင့် အာဆီယံအဆင့် ၂ ၊ ဖိလစ်ပိုင်အသင်းသည်  ကမ္ဘာ့အဆင့် (၁၂၄ ) နှင့် အာဆီယံအဆင့် ၃၊ မြန်မာအသင်းသည် ကမ္ဘာ့အဆင့် (၁၃၅) နှင့် အာဆီယံအဆင့် ၄ နေရာ တွင် ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.