Connect with us

Sport

နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူကိုင်တွယ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ ဘောလုံးအသင်းသည်  နိုဝင်ဘာ၆ ရက်မှစပြီးခြေစစ်ပွဲများယှဉ်ပြိုင်မည် 

မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ ဘောလုံးအသင်းကစားရမည့်ပွဲစဉ်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူကိုင်တွယ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ ဘောလုံးအသင်းသည်  လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ကစပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်  အာရှ ယူ၁၉ ခြေစစ်ပွဲတွေကို စတင်ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့သတင်းထုတ်ပြန်သည်။

 မြန်မာအသင်းပါဝင်သောအုပ်စုတွင် အသင်းကြီးများ ဖြစ်သည့်တရုတ်၊ တောင်ကိုရီးယား အသင်းများပါဝင်နေသောကြောင့် မြန်မာအသင်းအနေဖြင့် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ ပွဲစဉ်များ ၏ကွင်းဝင်ကြေးများမှာ  ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၂၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။ ကွင်းထဲသို့  လာရောက် အားပေးနိုင်ခြင်းမရှိသည့်  ပရိသတ်များအတွက်လည်း My Sports Facebook Page နှင့် မြန်မာ့ရုပ်မြင်သံကြား MRTV တို့မှ ပြသပေးသွားဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.