Connect with us

Sport

နိုင်ငံတကာ ကရာတေးဒိုပြိုင်ပွဲများတွင်ဒိုင်လူကြီးနှင့်နည်းပြများအဖြစ် ဆောင်ရွက်နိုင်ရန် ကရာတေးဒို နည်းပြနှင့်ဒိုင်လူကြီးသင်တန်းဖွင့်လှစ်

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကရာတေးဒိုအဖွဲ့ချုပ်၏ အသိအမှတ်ပြုလက်မှတ်အားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ကရာတေးဒိုပြိုင်ပွဲများတွင်ဒိုင်လူကြီးနှင့်နည်းပြများအဖြစ် ဆောင်ရွက်နိုင်ရန်နှင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကရာတေးဒိုအဖွဲ့ချုပ်မှ သတ်မှတ်ချက်လိုင်စင်ရရှိနိုင်ရန် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှကြီးမှူး၍ ကရာတေးဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းရှိ ကရာတေးဒိုလေ့ကျင့်ရေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းပြိုင်ပွဲများတွင် တာဝန်ယူဆောင်ရွက်ကြရမည့် နည်းပြနှင့် ဒိုင်လူကြီးများသည်လည်း မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်အသိအမှတ်ပြုလိုင်စင်ရရှိထားရန် မဖြစ်မနေလိုအပ်သောကြောင့် သင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ကလပ်အသင်း၊ ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ ၇ဝ ဦးတက်ရောက်သင်ကြားလျက်ရှိပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၄ ရက်အထိဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.