Connect with us

Sport

နိုင်ငံတကာ အဆင့်မီ ဘောလုံး အားကစားနည်း ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက် လာရန် နိုင်ငံ တစ်ဝန်းရှိ မြို့နယ်များတွင် ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းသွားမည်

မြို့နယ်များတွင် ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းရေး အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီမှ အစည်းအဝေး ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- MFF )

ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတကာ အဆင့်မီ ဘောလုံးအားကစားနည်း ဆိုင်ရာ နည်းစနစ်များ၊ နည်းပညာများ ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက် လာစေရန် မြို့နယ်များတွင် ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းရေး အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ ထံသို့ တရားဝင် ခွင့်ပြုချက် တင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)မှ သိရသည်။

မြို့နယ် အဖွဲ့ချုပ်များ ဖွဲ့စည်းရေး လုပ်ငန်းစဉ်များကို တရားဝင် ခွင့်ပြုချက် ရရှိသည်နှင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပြီး MFF မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်း ပြည့်မီသည့် မြို့နယ် အဖွဲ့ချုပ်များသို့ နည်းပြ သင်တန်းများ သွားရောက် ပို့ချခြင်း ၊ ဒိုင်သင်တန်းများ ပို့ချပေးခြင်း၊ ပြိုင်ပွဲ ကျင်းပရေးနှင့် စပ်လျဉ်းသည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လိုအပ်သည့် ဘောလုံးများ ပံ့ပိုးပေးခြင်း တို့ကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းခြင်းသည် အောက်ခြေအဆင့်မှ စတင်၍ တစ်နိုင်ငံလုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် မြန်မာ့ဘောလုံး အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်သွားရန် ၊ ဘောလုံး အားကစားနည်းဖြင့် နိုင်ငံသားများ၏ ကျန်းမာ ကြံ့ခိုင်ရေးနှင့် စာရိတ္တမဏ္ဍိုင်ကို မြှင့်တင်သွားရန် ၊ အောက်ခြေ အဆင့် ဘောလုံး ပြိုင်ပွဲများမှ တဆင့် နိုင်ငံကို ကိုယ်စားပြုနိုင်သော ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ၊ နည်းပြများ၊ ဒိုင်လူကြီးများ ပေါ်ထွန်းလာစေရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.