Connect with us

Sport

ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာအသင်းတတိယနေရာလုပွဲကစားရမည်

ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ဖလားပြိုင်ပွဲ မြန်မာ ယူ-၁၉ အသင်း တတိယနေရာလုပွဲ ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ ယူ-၁၉ အသင်းသည် လေးပွဲကစား နှစ်ပွဲနိုင် နှစ်ပွဲရှုံး ရမှတ် (၆) မှတ်ဖြင့် အုပ်စု တတိယနေရာတွင် ရပ်တည်ခဲ့သည့်အတွက် ဧပြီလ (၂၂) ရက်နေ့ ညနေ (၃း၃၀) နာရီတွင် HAGL JMG FC ယူ-၁၉ အသင်းနှင့်ပင် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ နာထရန်မြို့တွင် ကျင်းပလျက်ရှိသည့် International U-19 Football Tournament 2017 ပြိုင်ပွဲ၏ အုပ်စု နောက်ဆုံးပွဲစဉ်များကို ဧပြီလ (၂၀) ရက်တွင် ကျင်းပရာ မြန်မာ ယူ-၁၉ အသင်းက HAGL JMG FC ယူ-၁၉ အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.