Connect with us

Sport

AFC U-19 Championship 2018 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရေးအတွက် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၄၃နိုင်ငံ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

ခြေစစ်ပွဲ အုပ်စုပွဲစဉ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

AFC U-19 Championship 2018 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရေးအတွက် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၄၃နိုင်ငံ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါ ခြေစစ်ပွဲ အုပ်စု မဲခွဲပွဲကို မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာအသင်းသည် တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားအသင်းများ နှင့် အုပ်စုတွင်းကျရောက်နေပြီး အဆိုပါပွဲစဉ်များကို နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။အုပ်စု (ပထမ) ၁၀သင်းနှင့် အကောင်းဆုံး ဒုတိယ (၅)သင်းတို့ AFC U-19 Championship 2018 သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.