Connect with us

Sport

တရုတ်နိုင်ငံ ဟိုဖေး မြို့၌ ကျင်းပသည့် ဘက်စုံကိုယ်ခံပညာသုံးပြိုင်ပွဲတွင် ကချင် တိုင်းရင်းသား အောင်လအန်ဆန် အနိုင်ရရှိ

အနိုင်ရရှိသည့် အောင်လအန်ဆန် အားတွေ့ရစဉ် (M.O.I)

ရန်ကုန်၊ ဇွန်၃ရက် (ဆင်ဟွာ)

ONE Championshipအဖွဲ့အစည်းက ကျင်းပသည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို တရုတ်နိုင်ငံ အန်းဟွေး ပြည်နယ်၊ ဟိုဖေး မြို့ တွင် ကျင်းပရာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် ကချင် တိုင်းရင်းသား MMA ကစားသမား အောင်လအန်ဆန် ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဘူတိုရင်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယအချီ ၁ မိနစ် ၅၇ စက္ကန့်တွင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန် သည် အမေရိကန်နိုင်ငံတွင်နေထိုင်ကာ MMA အားကစားနည်းဖြင့် နာမည်ကျော်လာသူဖြစ်ပြီး ယခုနှစ် မတ်လက မိခင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ ပထမဆုံးထိုးသတ်သည့်ပွဲတွင် အီဂျစ် နိုင်ငံသား မိုဟာမက်အလီကို အနိုင်ရရှိခဲ့ဲကြောင်း သိရသည်။
အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဖြစ်ရန် ရည်မှန်း ချက်ထားကာ ပြိုင်ပွဲများ ယှဉ်ပြိုင်လျက် ရှိကြောင်း၊ ယခုကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ပွဲစဉ်ပေါင်း ၁ဝ ပွဲကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)