Connect with us

Sport

FIFA Executive Football Summit နှင့် FIFA Forward Programme Workshop သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်

FIFA Executive Football Summit နှင့် FIFA Forward Programme Workshop မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာလ ၇ ရက် မှ ၉ ရက်နေ့အထိကျင်းပလျက်ရှိသည့် FIFA Executive Football Summit နှင့် FIFA Forward Programme Workshop သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်နှင့် အထွေထွေအတွင်းရေးမှုး ဦးကိုကိုသိန်းတို့ တက်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ အဆိုပါ အစည်းအဝေးများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး FIFA President Gianni Infantino က ဖီဖာ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဘောလုံးအဖွဲ့ချုပ်များအား ကူညီထောက်ပံ့ပေးမှုများ၊ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် သက်တမ်းအလိုက်ပြိုင်ပွဲများတွင် အသင်းအရေအတွက်တိုးချဲ့ကျင်းပရေး ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဘောလုံးအဖွဲ့ချုပ်အသီးသီးမှ ပြန်လှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာ ၉ ရက်နေ့တွင် FIFA Forward Programme Workshop အား ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်များ Forward Programme လျောက်ထားရမည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.