Connect with us

Sport

Manchester Football Clinic အစီအစဉ် ရန်ကုန်နှင့် ပုသိမ်တွင် ဖွင့်လှစ်မည်

Manchester Football Clinic အစီအစဉ် ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

Manda Fermentation နှင့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်တို့ ပူးပေါင်း တင်ဆက်သည့် Manchester Football Clinic Program ကို ရန်ကုန်နှင့် ပုသိမ် မြို့ကြီးများတွင် ယခုလ အတွင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

Manchester United Soccer School ၏ နည်းပြများနှင့် မန်ယူ အသင်း၏ နောက်ခံ ကစားသမားဟောင်း ရော်နီ ဂျွန်ဆင် တို့ပါဝင်သည့် မန်ယူနည်းပြ အဖွဲ့သည် ရန်ကုန်မြို့တွင် မေလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတုကွင်းနှင့် အကယ်ဒမီ သင်ကြားရေး ခန်းမတို့တွင် ယူ ၁၂ နှင့် ယူ ၁၄ လူငယ် ကစားသမား (၆၀)ဦးအား အခြေခံ ဘောလုံး ပညာများ သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။

ယင်းနောက် မေလ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့တို့တွင် ပုသိမ်မြို့သို့ သွားရောက်ကာ ကျောက်တိုင်ကွင်းတွင် ပြည်တွင်း လူငယ်ကစားသမား (၁၅၀)ဝန်းကျင်အား ဘောလုံးပညာများ သင်ကြားပေးသွားမည် ဖြစ်သည် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.