Connect with us

Sport

အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲ စက်တင်ဘာ ၄ ရက်တွင် စတင်မည်

အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲ အချိန်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ ဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်းနှင့် အောင်ဆန်း အားကစားကွင်းတို့၌ စက်တင်ဘာလ ၄ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အုပ်စုခွဲဝေမှုအရ အုပ်စု(က)တွင် ထိုင်း၊ မလေးရှား၊ တီမော၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် အုပ်စု(ခ)တွင် အိမ်ရှင် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲစဉ်က အုပ်စု(ခ)တွင် နယူးဇီလန်အသင်း ပါဝင်ခဲ့သော်လည်း လက်ရှိတွင် ပြိုင်ပွဲမှ နုတ်ထွက်သွားသောကြောင့် အုပ်စု(က)တွင် ခြောက်သင်း၊ အုပ်စု(ခ)တွင် ငါးသင်းဖြင့် အာဆီယံနိုင်ငံများသာ ပြိုင်ပွဲယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့ကြောင့် အုပ်စု(က)ပွဲစဉ်များကို စက်တင်ဘာ ၄ ရက်တွင် စတင်မည်ဖြစ်ပြီး တစ်ရက် လျှင် သုဝဏ္ဏအားကစားကွင်း၌ ပွဲစဉ် နှစ်ပွဲ၊ အောင်ဆန်း အားကစားကွင်း၌ တစ်ပွဲယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ အိမ်ရှင် မြန်မာအသင်း ပါဝင်သည့် အုပ်စု(ခ) ပွဲစဉ်များကို သုဝဏ္ဏ အားကစားကွင်း၌သာ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် တစ်ရက် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် စက်တင်ဘာ ၅ ရက်တွင် အင်ဒိုနီးရှား၊ စက်တင်ဘာ ၉ ရက်တွင် ဘရူနိုင်း၊ စက်တင်ဘာ ၁၁ ရက်တွင် ဖိလစ်ပိုင်၊ စက်တင်ဘာ ၁၃ ရက်တွင် ဗီယက်နမ်တို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်း ပွဲစဉ်အားလုံးကို ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.