Connect with us

Sport

မြန်မာယူ-၂၁ ဘောလုံး အသင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် မတ်လလယ်တွင် လေ့ကျင့်မှုများစတင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) 

မြန်မာယူ-၂၁ ဘောလုံး အသင်းသည် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက် မတ်လလယ်တွင် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦး ကဆင်ဟွာကိုပြောသည်။ 

မြန်မာယူ-၂၁ အသင်းကို ကစားသမား ၃၀ ကျော်ဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်ပြီး MNL ပြိုင်ပွဲ ရပ်နားသည့်ကာလများတွင် ကာလတိုလေ့ကျင့်မှု များပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။မြန်မာယူ-၂၁ အသင်း သည် မတ်လလယ်မှ လကုန်အထိ လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သည် မြန်မာယူ-၂၁ အသင်း နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆက်လက်တာဝန် ပေးမည်ဖြစ်သောကြောင့် ၎င်း နှင့် လက်ထောက် နည်းပြများဖြစ်သည့် ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်းတို့ သည် လိဂ်ပွဲအားလုံးကို လိုက်လံကြည့်ရှုကာ ကစားသမားများ ရွေးချယ်လျက်ရှိကြောင်း သိရသည်။

မြန်မာလူငယ် အသင်းကို ယူ-၂၁ ကစားသမားများဖြင့် ဖွဲ့စည်းခြင်း ဖြစ်ပြီး ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အသင်းမှ ကစားသမားအနည်းငယ်သာ ပြန်ပါလာ မည်ဖြစ်ကာ ကစားသမားသစ်များဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ကစားသမားများ၏ လေ့ကျင့်မှုအပေါ် မူတည်၍ အပြောင်းအလဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၂၁ အသင်း နိုင်ငံတကာခြေစမ်းပွဲ နှင့် ပြိုင်ပွဲများယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နည်းစနစ်ကော်မတီနှင့် နည်းပြချုပ် ပိုပေါ့ဗ်တို့ ဆက်လက်ညှိနှိုင်းမည်ဖြစ်ကြောင်း၊  မြန်မာယူ-၂၁ အသင်းသည် နိုင်ငံတကာပြိုင်ပွဲများ လတ်တလော ယှဉ်ပြိုင်ရန်မရှိသော်လည်း နှစ်ကုန်ပိုင်းတွင် ဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရသိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.