Connect with us

Sport

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်အား တာဝန်ပေးရန်အတည်ပြု 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်အား တာဝန်ပေးရန် အတည်ပြုခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။

ဦးကိုကိုသိန်းက “နည်းစနစ်ကော်မတီ အစည်းအဝေး မှာ     လစ်လပ်နေတဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက်  ယာယီနည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးတင်မြင့်အောင်ကိုသာ ဆက်လက်တာဝန်ပေးခဲ့ခြင်းဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ ပြောသည်။

ဦးတင်မြင့်အောင်သည် ယခင်နည်းပြချုပ် ဦးဝင်းသူမိုး ကိုင်တွယ်ခဲ့စဉ်ကတည်းက အုပ်ချုပ်သူအဖြစ် တောက်လျှောက်ဆောင်ရွက်ခဲ့ကြောင်း၊ အသင်းအနေအထားနှင့် ကစားသမားများအကြောင်းကို သိရှိထား သူဖြစ်သောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီက အမြဲတမ်းနည်းပြချုပ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဦးတင်မြင့်အောင်သည် ဖေဖော်ဝါရီလက ယှဉ်ပြိုင်ကစားခဲ့သည့် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲတွင်  ယာယီနည်းပြချုပ်အဖြစ်    ဆောင်ရွက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် အမြဲတမ်းနည်းပြချုပ်အဖြစ် ယခုကဲ့သို့ ခန့်အပ်ခံရခြင်းဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.