Connect with us

Sport

မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း ဖေဖော်ဝါရီ ၆ ရက်တွင် ဗီယက်နမ်အမျိုးသမီး နှင့် ခြေစစ်ပွဲကစားမည် 

မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဖေဖော်ဝါရီ ၆ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “ဗီယက်နမ်နဲ့ ပွဲ က အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၂၀ အိုလံပစ် ခြေစစ်ပွဲတက်ရောက်ခွင့်အတွက် အဆုံးအဖြတ်ပွဲဖြစ်နေလို့ပါ’’ ဟု ဆင်ဟွာကိုပြောသည်။ တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (က) ပထမနေ့ပွဲစဉ် တွင် မြန်မာအမျိုးသမီးအသင်းသည် တောင်ကိုရီးယားအသင်းကို ဝ-၇ ဖြင့်  အရေးနိုမ့်ခဲ့သည်။တောင်ကိုရီးယားနှင့် ပွဲစဉ် တွင် မြန်မာအမျိုးသမီးအသင်းသည် မြဖူးငုံ (ဂိုး)၊ အိရတနာဖြိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ခိုင်သဇင်၊ ခင်မိုမို ထွန်း၊ ခင်မာလာထွန်း၊ နုနု၊ ဂျူလိုင်ကျော်၊ ခင်မိုးဝေ၊ ရီရီဦးတို့ ပါဝင် မြန်မာအသင်းဘက်မှ  ယှဉ်ပြိုင်ကစားခဲ့ကြသည်။  (Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.