Connect with us

Sport

မြန်မာနိူင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်အား အင်္ဂလန်ကလပ် Leeds United အသင်းပိုင်ရှင်တွေ့ဆုံ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်အား အင်္ဂလန်ကလပ် Leeds United အသင်းပိုင်ရှင် နှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိူင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်အား အင်္ဂလန်ကလပ် Leeds United အသင်းပိုင်ရှင် လာရောက်တွေ့ဆုံခဲ့ပြီး ထိုသို့တွေဆုံရာတွင် မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိူင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တွင်ရောက်ရှိနေသော အင်္ဂလန် မှ နာမည်ကြီးကလပ် Leeds United အသင်းပိုင်ရှင် Mr. Andrea Radrizzani သည် ဇန်နဝါရီ လ ၃၀ ရက်နေ့ တွင် နိုဗိုတယ်ဟိုတယ်၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်အား လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနေရှင်နယ် လိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ MFF အမှုဆောင်အရာရှိချုပ်ဦးဘုန်းနိုင်ဇော်၊ MFF အထွေထွေအတွင်းရေးမှုးဦးကိုကိုသိန်း၊ MNL အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်၊ MNL COO ဦးဆူးအောင်တို့လည်းတက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.