Connect with us

Sport

မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်း နည်းပြချုပ် နှင့် နှစ်ဘက်သဘောတူ စာချုပ် ဖျက်သိမ်း၍ လမ်းခွဲ

အဲရစ်ဝီလျံကို ယူ-၁၄ အသင်း နည်းပြချုပ် တာဝန် ထမ်းဆောင်စဉ်က လက်ထောက်နည်းပြ ဖြစ်သူ ဦးခင်မောင်ထွေးနှင့် အတူ တွေ့ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်း နည်းပြချုပ် အဲရစ်ဝီလျံသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ နှစ်ဘက်သဘောတူညီချက်အရ စာချုပ်ဖျက်သိမ်း လိုက်ကြောင်း ယနေ့အောက်တိုဘာ ၂၉ ရက်တွင် MFF မှ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်း နည်းပြချုပ် အဲရစ်ဝီလျံသည် ၎င်း၏ မိသားစုကိစ္စရပ်များကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့လာခြင်းကြောင့် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၎င်းအား ပြီးခဲ့သည့် သြဂုတ်လ အတွင်းက သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုထားခဲ့ရာ ယခုလမ်းခွဲလိုက်ချိန်တွင် စာချုပ်သက်တမ်း ၁ နှစ်ခန့် ကျန်ရှိနေကြောင်း သိရသည်။ယခုအခါတွင် မြန်မာ ယူ-၁၄ အသင်းကို လက်ထောက် နည်းပြများ ဖြစ်သည့် ဦးတင်မောင်ဝင်း၊ ဦးခင်မောင်ထွေး၊ ဦးမောင်မောင်မြင့်တို့မှ ဆက်လက် တာဝန် ယူကိုင်တွယ်လျက် ရှိပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း သင့်လျော်သည့် နည်းပြ တစ်ဦးကို မကြာမီ ခန့်အပ် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.