Connect with us

Sport

အာရှ အမျိုးသား ဘော်လီဘော ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ အိမ်ရှင် မြန်မာ အပါအဝင် နိုင်ငံတကာမှ ကစားသမား ၃၀၀ ကျော် ပါဝင် ယှဉ်ပြိုင်မည်

တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘော ပြိုင်ပွဲ ပွဲစဉ်တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အားကစားနှင့် ကာယ ပညာ ဦးစီးဌာန)

ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၆ အာရှ အမျိုးသား ဘော်လီဘော ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကို သြဂုတ် ၂၃ ရက်မှ ၃၁ ရက်အထိ နေပြည်တော်၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံတကာမှ ကစားသမား ၃၀၀ ကျော် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားကစားနှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။

ထိုပြိုင်ပွဲသို့အိမ်ရှင် မြန်မာ အပါအဝင် တရုတ် ၊ ထိုင်း ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ တိုင်ပေ ၊ ဟောင်ကောင် ၊ ဂျပန် ၊ အီရန် ၊ အီရတ် ၊ ဆော်ဒီအာရေဗီးယား ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ ၊ ကာတာ ၊ ကာဇက်စတန် ၊ တာ့ခ်မင်နစ္စတန် နိုင်ငံများမှ ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ပြိုင်ပွဲကို လက်ခံ ကျင်းပခြင်းဖြင့် ထူးချွန် ထက်မြက်သော နိုင်ငံ ဂုဏ်ဆောင် ဘော်လီဘော အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်လာမည် ဖြစ်ပြီး ပြိုင်ပွဲ အတွေ့အကြုံကောင်းများကို ရရှိမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.