Connect with us

Sport

လေးနိုင်ငံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပမည်

မြန်မာအသင်းလေ့ကျင့်နေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

လေးနိုင်ငံ ယူ-၁၉ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

၎င်းဘောလုံးပြိုင်ပွဲအား သြဂုတ်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းကြီးတွင် ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း အနေဖြင့် ဗီယက်နမ် နိုင်ငံတွင် စက်တင်ဘာလ အတွင်းကျင်းပမည့် အာဆီယံ ယူ၁၉ ချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲ အား ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်သည်။
လေးနိုင်ငံ ယူ၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ ယူ၁၉၊ ထိုင်း ယူ၁၉၊ ဗီယက်နမ် ယူ၁၉ နှင့် ဂျေလိပ် ဆာပေါ်ရို ယူ၁၈ ကလပ်တို့ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ချန်ပီယံအသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၁၅,၀၀၀၊ ဒုတိယဆုရ အသင်းအား ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၁၀,၀၀၀၊ တတိယဆုရ အသင်းအား ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်သွားမည်ဖြစ်သည်။ ပွဲစဉ်ဇယားနှင့် ကွင်းဝင်ကြေးအား မကြာမီ ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.