Connect with us

Sport

၂၀၁၈ အလွတ်တန်းဖူဆယ် ဖိတ်ခေါ်ပြိုင်ပွဲအတွက် မဲခွဲပွဲ အခမ်းအနားနှင့် မန်နေဂျာ အစည်းအဝေးကျင်းပ

၂၀၁၈ အလွတ်တန်းဖူဆယ် ဖိတ်ခေါ်ပြိုင်ပွဲဝင်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှကြီးမှူးကျင်းပမည့် ၂၀၁၈ အလွတ်တန်းဖူဆယ် ဖိတ်ခေါ်ပြိုင်ပွဲအတွက် မဲခွဲပွဲ အခမ်းအနားနှင့် မန်နေဂျာ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ရက် နံနက် ၁၀နာရီက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

MFF Futsal Open Cup ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း (၅၀)ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်အုပ်စုလျှင် ၅သင်းဖြင့် အုပ်စု (၁၀)စု ပေါ်ထွက်လာခဲ့သည်။ ဖူဆယ်လိဂ်ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် MIC၊ VUC၊ UPT၊ UM၊ Myoma၊ Titans XII၊ အစရှိသည့် အသင်း (၆)သင်းကို အုပ်စု (၆)ခုတွင် မဲခွဲထည့်သွင်းခဲ့ပြီး ကျန်ရှိနေသည့် ၄၄ နေရာကို အပျော်တမ်းအသင်းများအတွက် ထပ်မံကာ မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို မတ်လ ၆ရက် နံနက် ၈နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ကျင်း ပသွားမည်ဖြစ်ပြီး ယင်းနေ့ပွဲစဉ်များအဖြစ် နံနက် ၈နာရီမှ စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို မတ်လ ၆ရက်မှ ၂၄ရက်နေ့အထိ တစ်ရက် ၄ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ် အားလုံးကို သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။MFF Futsal Open Cup 2018 ပွဲစဉ်ဇယားကို http://www.mediafire.com/file/cbatfknii1ukyxd/MFF+Open+Cup+2018+Tournament.pdf လင့်တွင်ကြည့်ရယူနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)