Connect with us

Sport

၂ဝ၁၆ ခုနှစ် ဘောလုံး ရာသီတွင် နိုင်ငံတကာ ပြိုင်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်

မြန့်မာ လက်ရွေးစင် ဘောလုံးအသင်း နိုင်ငံတကာ ပြိုင်ပွဲ တစ်ခု၌ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ဘောလုံး ရာသီတွင် နိုင်ငံတကာ ပြိုင်ပွဲ များကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

အဆိုပါ အစည်းအဝေးမှ အာရှ နိုင်ငံများနှင့် အာဆီယံ နိုင်ငံများတွင် ယှဉ်ပြိုင် ကစားကြသည့် ဘောလုံးပြိုင်ပွဲ များအနက် ၂ဝ၁၆ ဆူဇူကီးဖလား အုပ်စုနှင့် ပွဲစဉ်များ မဲနှိုက် ရွေးချယ်ပွဲ၊ အာဆီယံ ဖူဆယ် ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်များကို မြန်မာနိုင်ငံက လက်ခံ ကျင်းပရမည် ဖြစ်သည်။

၂ဝ၁၆ ဆူဇူကီးဖလား အုပ်စု ပွဲစဉ်များ မဲနှိုက် ရွေးချယ်ပွဲကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၃ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၇ ရက်မှ ၁၆ ရက်ထိ ရန်ကုန်မြို့၌ လည်းကောင်း၊ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ များကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ် ၅ ရက်ထိ မန္တလေးမြို့၌ လည်းကောင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အာဆီယံ ချန်ပီယံရှစ် ဆူဇူကီး ဖလား နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်များ ကိုလည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.