Connect with us

Sport

၂၀၁၉ အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲအတွက် မြန်မာ ယူ-၁၈ အသင်းယခုလလယ်ပိုင်းတွင် စတင်ပြင်ဆင်မည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

မြန်မာ ယူ-၁၈ ဘောလုံးအသင်းသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ယခုလလယ်ပိုင်းတွင် စတင်ပြင်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ ယူ-၁၈ အသင်းကို ယခုနှစ်ဆန်းပိုင်းတွင် နည်းပြအပြောင်းအလဲ ပြုလုပ်ကာ လေ့ကျင့်ပြင်ဆင်စေလျက်ရှိသော်လည်း မေ ၁၇ ရက်တွင် ပြန်လည် လေ့ကျင့်မှသာ အပြီးသတ်ရွေးချယ်မှုများ ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်း သည် ယခင်ရွေးချယ်ထားသည့် ကစားသမားအချို့ကို အပြောင်းအလဲပြုလုပ်မည် ဖြစ်ပြီး ကစားသမားသစ်များ ရွေးချယ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ-၁၈ အသင်းသည် ၂၀၁၉ ခုနှစ်၏ ပထမ ငါးလတာကာလအတွင်း နိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ခဲ့ပြီး မတ်နောက်ဆုံးပတ်က ကျင်းပသည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှု မရခဲ့သော်လည်း ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည်။ MFF Youthအသင်းအမည်ဖြင့် ယှဉ်ပြိုင်နေသည့် MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ ပထမအကျော့အပြီးတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး အာဆီယံ ယူ-၁၈ ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများနှင့် ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.