Connect with us

Sport

အာရှဘောလုံးအဖွဲ့ချုပ်ဖလား (AFC Cup) အုပ်စုဒုတိယမြောက် ပွဲစဉ်များ၌ မြန်မာကလပ်အသင်းများ နိုင်ပွဲ ကိုယ်စီရရှိ

-မြန်မာအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MfF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ်ဖလား (AFC Cup) အုပ်စုဒုတိယမြောက် ပွဲစဉ်များ၌ မြန်မာကလပ်အသင်းများ နိုင်ပွဲ ကိုယ်စီရရှိထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အေအက်ဖ်စီဖလား အုပ်စုဒုတိယမြောက် ပွဲစဉ်များတွင် မြန်မာနိုင်ငံကိုယ်စားပြု ကလပ်အသင်းများ တူညီသော ရလဒ်များ နှင့် နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ကွင်းတွင် ဗီယက်နမ်ကလပ် သန်ဟွာအက်ဖ်စီ အသင်းကို ၂-၁ဂိုး ရလဒ်နှင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အဝေးကွင်းတွင် ယှဉ်ပြိုင်ရသည့် ရှမ်းယူနိုက်တက်အသင်းကလည်း အလားတူ ရလဒ်နဲ့ပဲ ဘွန်ကတ်အန်ကောအသင်းကို အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားမြေမှာ ယှဉ်ပြိုင်ခဲ့သည့် ဘွန်ကတ်အသင်းနှင့် ရှမ်းယူနိုက်တက်တို့ ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၂၈ မိနစ်၌ ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ၄၂ မိနစ်၌ ဒွေးကိုကိုချစ်က ချေပဂိုးနှင့် ၅၅ မိနစ်၌ ခရစ္စတိုဖာတို့က အနိုင်ဂိုးတွေ သွင်းယူပြီး နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက် အသင်းအတွက် ေ(AFC Cup) ပထမဦးဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဒုတိယမြောက်နိုင်ပွဲဆက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်အသင်းအတွက် သွင်းဂိုးများကို ကွင်းလယ်လူ ယာမာဆာကီက ၆၇ မိနစ်| လူငယ်တိုက်စစ်မှူး အီစိုးက လူစားဝင်လာပြီး ၈၈ မိနစ် တို့၌ သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အုပ်စု တတိယမြောက်ပွဲစဉ်များကို မတ်လ ၆ရက်နှင့် ၇ ရက်နေ့များတွင် ဆက်လက် ကျင်းပသွားမှာဖြစ်ပြီး ဖိလစ်ပိုင်ကလပ်အသင်းများ နှင့် ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ ရှမ်းယူနိုက်တက်အသင်းသည် ဆီရီးနီဂရိုးစ် အသင်းနှင့် အဝေးကွင်းပွဲစဉ်၊ ရန်ကုန်ယူနိုက်တက်အသင်းသည် ဂလိုဘယ်အသင်းနှင့် အိမ်ကွင်းပွဲစဉ် ဆက်လက်ယှဉ်ပြိုင် ကစားသွားရမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.