Connect with us

Sport

အာဆီယံပြိုင်ပွဲဝင် မြန်မာယူ ၁၆ အသင်း ပွဲစဉ်များ ရုပ်သံပြသခွင့် ဝယ်ယူပြသရန် MFF ကြိုးပမ်းလျက်ရှိ

ယူ၁၆ မြန်မာဘောလုံးအသင်းအား တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) သည် ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာ ယူ၁၆ အသင်း၏ ပွဲစဉ်များအား တိုက်ရိုက် ထုတ်လွှင့်ပြသ နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

MFF သည် မြန်မာ ယူ၁၆ အသင်း၏ အုပ်စုပွဲစဉ်များနှင့် ဆီမီးဖိုင်နယ်၊ ဖိုင်နယ် ပွဲစဉ်များ ရုပ်သံပြသခွင့် အတွက် အမေရိကန် ဒေါ်လာ (၅၀,၀၀၀) ဝန်းကျင် အကုန်ကျခံ သုံးစွဲ၍ ပြသခွင့် ဝယ်ယူ ပြသရန် ကမ္ဘောဒီးယား နိုင်ငံရှိ ရုပ်သံ ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက် နေသကဲ့သို့ မြဝတီ ရုပ်မြင်သံကြား၏ အကူအညီဖြင့် ပွဲစဉ်များ တိုက်ရိုက် ပြသသွားရန်လည်း ကြိုးပမ်းဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ မြန်မာအသင်း အုပ်စုတက်၍ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်သို့ တက်ရောက်ပါကလည်း ဆက်လက်ပြသ သွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.