Connect with us

Asia

ကျူးဘားနှင့် အီရန်နိုင်ငံတို့တွင် ပထမဆုံး မျောက်ကျောက်ရောဂါ အတည်ပြုလူနာတွေ့ရှိ

ကျူးဘားနှင့် အီရန်နိုင်ငံတို့တွင် ပထမဆုံး မျောက်ကျောက်ရောဂါ အတည်ပြုလူနာတွေ့ရှိ

ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံတွင် ပထမဆုံးမျောက်ကျောက်ရောဂါအတည်ပြုလူနာကို သြဂုတ် ၂၀ ရက်က ဖော်ပြခဲ့ပြီး အီရန်နိုင်ငံ၏ ပထမဆုံးသော မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို အီရန်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ကျူးဘားကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၂၀ ရက် ထုတ်ပြန်သည့် ကြေညာချက်အရ ယင်းအတည်ပြုလူနာသည် အီတလီနိုင်ငံသား ခရီးသွားတစ်ဦးဖြစ်ကြောင်းနှင့် ၎င်းက သြဂုတ် ၁၅ ရက်တွင် ကျူးဘားနိုင်ငံသို့ ရောက်ရှိပြီး သြဂုတ် ၁၇ ရက်တွင် ရောဂါလက္ခဏာပြကာ သြဂုတ်၁၈ ရက်တွင် ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။ ထို့နောက် ရောဂါပိုမိုပြင်းထန်လာ၍ ရုတ်တရက်နှလုံးရပ်သွားခြင်းကြောင့် အရေးပေါ် ဆေးရုံတင်ကုသခဲ့ရပြီး သြဂုတ် ၂၀ ရက်တွင် မျောက်ကျောက်ရောဂါကူးစက်ခံရကြောင်း အတည်ပြုခဲ့သည်။ လက်ရှိတွင် ယင်းလူနာသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အသက်အန္တရာယ်ရှိကြောင်းသိရသည်။ ကျူးဘားကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါနှင့် ကူးစက်မှုအားကောင်းသောရောဂါဆိုင်ရာ သုတေသနနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အီရန်နိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါအတည်ပြုလူနာသည် အီရန်နိုင်ငံ အနောက်တောင်ပိုင်း Ahvaz မြို့တွင် နေထိုင်သည့် ၃၄ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pedram Pakaeen က သြဂုတ် ၁၆ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ ၎င်းက အရေပြားရောဂါလက္ခဏာ ပေါ်ပေါက်လာပြီးနောက် မျောက်ကျောက်ဗိုင်းရပ်စ်ပိုးစမ်းသပ်မှုပြုလုပ်ခဲ့ကြောင်းနှင့် ရောဂါအတည်ပြုပြီးနောက် ချက်ချင်းသီးခြားကုသမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
#Cuba #Iran #Monkeypox #Xinhua #Myanmar #XinhuaMyanmar #ကျူးဘား #အီရန် #မျောက်ကျောက်ရောဂါ #ဆင်ဟွာ
…………………………………………
古巴和伊朗报告首例猴痘确诊病例
新华社北京8月21日电综合新华社驻外记者报道:古巴20日报告该国首例人感染猴痘确诊病例(下称猴痘病例)。伊朗卫生部于16日报告确诊该国第一例猴痘病例。
据古巴公共卫生部20日发布的公告,这名猴痘患者为意大利籍男性游客,15日抵达古巴,17日出现症状,18日就医,随后因病情加重并出现心脏骤停而紧急住院治疗,20日被确诊感染猴痘病毒。目前这名患者情况危急,有生命危险。古巴卫生部门正针对该病加强流行病学研究并采取防控措施。
伊朗卫生部发言人佩德拉姆•帕凯因16日在一份声明中说,该国确诊的首例猴痘病例是一名生活在伊朗西南部城市阿瓦士的34岁女子。她在出现皮肤症状后接受了猴痘病毒检测,在确认其检测结果为阳性后,该女子立即被隔离治疗。
8月11日,医护人员在美国洛杉矶一处猴痘疫苗接种点为一名男子接种疫苗。新华社发(曾慧摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.