နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ သတ္တုသူခိုးများက စွန့်ပစ်ထားသည့် ပေ ၆၀ ရှည်လျားသော သံမဏိတံတားတစ်စင်းကို အပိုင်းပိုင်းဖြတ်၍ ခိုးယူသွားကြောင်း တာဝန်ရှိသူများက ဧပြီ ၉ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်ကို သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ဧပြီ၉ ရက်မှ ဧပြီ ၁၇ ရက်အထိ ပုံမှန်ဖွင့်ချိန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၉ ရက်တွင်ပြောသည်။
ဗလာဒီမော့စ်တော့ခ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် Amur ဒေသအရှေ့ဖျားရှိ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးနေရာမှ Luna-25 လပေါ်သွားအာကာသယာဉ် လွှတ်တင်ရန် စီစဉ်ထားကြောင်း RIA Novosti သတင်းအေဂျင်စီက ဧပြီ ၈ ရက်က သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ဧပြီ ၉ ရက် (ဆင်ဟွာ) နိုင်ငံတကာ ငွေပေးချေကတ်များဖြစ်သော Visa card ၊ Master card နဲ့ UPI/JCB ၊ prepaid နှင့် credit card များဖြင့် ပေးချေနိုင်သော ပမာဏအား ထက်ဝက်လျှော့ချ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ...
ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် (Xi Jinping) သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတရိုဒရီဂို ဒူတာတေး(Rodrigo Duterte) နှင့် ဧပြီ ၈ ရက်တွင် တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ဧပြီ ၈ ရက် ထုတ်ပြန်သည့် မတ်လ စားသောက်ကုန်ဈေးနှုန်းအညွှန်းကိန်းသည် ၁၅၉.၃ ဖြစ်ပြီး ဇန်နဝါရီလထက် ၁၂.၆ ရာခိုင်နှုန်း တိုးလာရာ စားရင်းစတင်ပြုစုသည့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးတန်ဖိုးအထိရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းအနက်...
ကိဗ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးရေးအချက်ပြမှုအဖြစ် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell တို့ ကိဗ်သို့ လာရောက်လည်ပတ်သည့် ခရီးစဉ်ကို ယူကရိန်း သမ္မတ...
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ရထားလမ်းကြောင်း) ကြောင့် တရုတ်-မြန်မာကုန်သွယ်ရေးများ ပိုမိုမြန်ဆန်ကောင်းမွန်လာနိုင် ကြောင်း ပို့ဆောင်ရေးကဏ္ဍကျွမ်းကျင်သူများကသုံးသပ်ပြောကြားချက်အရ သိရသည်။ ဧပြီလ ၂ ရက်နေ့တွင် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) သည် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့ကြောင်း၊...
ကူမင်း၊ဧပြီ ၈ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့ရေးအားနည်းသည့်အခြေအနေအောက်တွင် လန်ချန်း-မဲခေါင်၆နိုင်ငံအကြား ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်လုပ်ဆောင်ခဲ့ကြပြီး စီးပွားရေးတိုးတက်မှုအတွက် လက်တွဲဆောင်ရွက်ခဲ့ရာ တရုတ်နှင့်မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ၅နိုင်ငံကြားကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၄၀၀ ဘီလီယံနီးပါးအထိ မြင့်တက်လာစေရန်တွွန်းအားပေးလုပ်ဆောင်ခဲ့သဖြင့် ကာလတူထက် ၂၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဧပြီ၇ရက်တွင်ကျင်းပသော၂၀၂၂ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနှင့်နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှသိရသည်။ ယခုအကြိမ်”လန်ချန်း-မဲခေါင်သီတင်းပတ်”သည်အွန်လိုင်းနှင့်အော့ဖ်လိုင်း...
ရှန်ဟိုင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ပြည်နယ်အဆင့် ဒေသ ၁၅ ခုမှ ကျန်းမာရေးဝန်ထမ်း ၃၈,၀၀၀ ကျော်အား တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အချာဖြစ်သော ရှန်ဟိုင်းသို့ ကိုဗစ်-၁၉ ရောဂါ (COVID-19) တစ်ကျော့ပြန်ဖြစ်ပွားမှုတိုက်ဖျက်ရေးကူညီရန် စေလွှတ်ခဲ့ကြောင်း သိရသည်။ ယင်းအနက် ကျန်းမာရေးဝန်ထမ်း ၂၇,၀၀၀ ခန့်သည်...