Connect with us

Economy

ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ရထားကြောင့် ကုန်သွယ်ရေးများ ပိုမိုကောင်းမွန်လာနိုင်

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားထွက်ခွါလာမှုအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ရထားလမ်းကြောင်း) ကြောင့် တရုတ်-မြန်မာကုန်သွယ်ရေးများ ပိုမိုမြန်ဆန်ကောင်းမွန်လာနိုင် ကြောင်း ပို့ဆောင်ရေးကဏ္ဍကျွမ်းကျင်သူများကသုံးသပ်ပြောကြားချက်အရ သိရသည်။

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားထွက်ခွါလာမှုအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ဧပြီလ ၂ ရက်နေ့တွင် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) သည် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့ကြောင်း၊ ချုံချင့်မှထုတ်လုပ်သော မော်တော်ဆိုင်ကယ်တွဲဖက်ပစ္စည်းများ သယ်ဆောင်လာသည့် အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားသည် ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်း၌ ကုန်းလမ်းပို့ဆောင်ရေးသို့ ပြောင်းကာ ထိုင်းနိုင်ငံမှတစ်ဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာ စတင်ထွက်ခွာနိုင်ခြင်းသည် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရထားလမ်းကြောင်းသစ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် ဖောက်လုပ်မှု၏ ထိုးဖောက်အောင်မြင်မှုကို မြှင့်တင်ပေးခဲ့သည့် အသွင်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရထားလမ်းကြောင်းကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုများ ပိုမိုကောင်းမွန်၍ ဒေသတွင်း ကုန်သွယ်မှုအတွက် များစွာအကျိုးရှိနိုင်ကြောင်း ပို့ဆောင်ရေးကဏ္ဍကျွမ်းကျင်သူများကသုံးသပ်ပြောကြားချက်အရ သိရသည်။ (Xinhua)