Connect with us

News

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတကာ ငွေပေးချေကတ်များနှင့် ပေးချေနိုင်သည့် ပမာဏအား ထက်ဝက်လျှော့ချ၍ ပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန် ဧပြီ ၉ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ငွေပေးချေကတ်များဖြစ်သော Visa card ၊ Master card နဲ့ UPI/JCB ၊ prepaid နှင့် credit card များဖြင့် ပေးချေနိုင်သော ပမာဏအား ထက်ဝက်လျှော့ချ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က “Visa ၊ Master နဲ့ UPI international prepaid card တွေကို တစ်လ အများဆုံးထုတ်ယူငွေပမာဏ အမေရိကန်ဒေါ်လာ ၅၀၀၀ သတ်မှတ်ထားရာကနေ အခု ၂၅၀၀ လျှော့လိုက်ပါတယ်။ Visa ၊ Master နဲ့ UPI/ JCB international credit card တွေကို တစ်လအများဆုံးထုတ်ယူငွေပမာဏ မြန်မာငွေ သိန်း ၅၀ သတ်မှတ်ထားရာကနေ တစ်လကို အများဆုံးထုတ်ယူငွေ ပမာဏ ၂၅ သိန်းကို ပြောင်းလဲသတ်မှတ်လိုက်တယ်ဆိုတာမှန်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဧပြီ ၉ ရက်တွင် အတည်ပြုပြောကြားသည်။

ယခင်က ပြည်ပသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် Retail ငွေပေးချေမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ငွေကြေးသယ်ဆောင်ရသည့် အခက်အခဲများ လျော့နည်းသက်သာစေရန် International Prepaid Card (MasterCard/ VISA/UPI/ Prepaid Card ) ထုတ်ဝေခွင့်ကို တစ်လလျှင် ကတ်တစ်ကတ် အများဆုံးအသုံးပြုနိုင်သည့်ပမာဏ အမေရိကန်ဒေါ်လာ ၅၀၀၀ သတ်မှတ်၍ လည်းကောင်း၊ International Card (MasterCard/ VISA/UPI/JCB/Credit Card)အသုံးပြုနိုင်သည့် ပမာဏသတ်မှတ်ချက်ခြင်းအား ကတ်အသုံးပြုမည့်သူ၏ ဝင်ငွေပေါ်မူတည်၍ တစ်လလျှင် ကတ်တစ်ကတ် အများဆုံးအသုံးပြုနိုင်မည့်ပမာဏ ကျပ်သိန်း ၅၀ သတ်မှတ်၍လည်းကောင်း ခွင့်ပြုထားခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယခုအခါ ပြည်တွင်းဘဏ်များအနေဖြင့် International Card များထုတ်ဝေရာတွင် တစ်လလျှင် ကတ်တစ်ကတ် အများဆုံအသုံးပြုနိုင်မည့်ပမာဏအား ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကတ်လုပ်ငန်းများအား ပုံမှန်အတိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.