Connect with us

Culture & Entertainment

ပုဂံခေတ် အမျိုးသား၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးစာပို့တံဆိပ်ခေါင်းသစ် ၂ မျိုး ရောင်းချမည်

ပုဂံခေတ် အမျိုးသား ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးစာပို့တံဆိပ်ခေါင်းသစ် အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့စာတိုက်လုပ်ငန်း)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ပုဂံခေတ် အမျိုးသား၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် ၂၀၀ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ၂မျိုးအား ၂၀၂၁ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် ကဆင်ဟွာသို့ အောက်တိုဘာ ၂၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ပုဂံခေတ် အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးစာပို့တံဆိပ်ခေါင်းသစ် အားတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာ့စာတိုက်လုပ်ငန်း)

“မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည်ဖော် ထုတ်တဲ့အနေနဲ့ ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနဲ့ အမျိုးသမီးများရဲ့ ဝတ်စားဆင်ယင်မှုတွေကို အများပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်တွေ ပိုမိုအလေးထား လေ့လာမှတ်သားနိုင်စေဖို့ ရည်ရွယ်ပြီးထုတ်ဖြစ်တာပါ’’ ဟု၎င်းက ဆိုသည်။

ယင်းအထူးထုတ်တံဆိပ်ခေါင်းနှစ်မျိုးအား အောက်တိုဘာ ၂၇ ရက် နံနက် ၉:၃၀နာရီ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ စာတိုက်များတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၂၇) ရက်၊
(ဗုဒ္ဓဟူးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများ နှင့်ပထမနေ့စာအိတ်(First Day Cover)များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း၊ တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်များတွင်ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း၎င်းကဆိုသည်။

ဆက်လက်၍ အင်းဝခေတ် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117