ပဲရစ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) သည် ၂၀၁၂ ခုနှစ်က ၎င်း၏ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလှုံ့ဆော်မှုအတွင်း တရားမဝင်ငွေကြေးထောက်ပံ့မှုအတွက် အကျဉ်းထောင်တွင် ပြစ်ဒဏ်တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခြင်းခံခဲ့ရကြောင်း ပဲရစ်မြို့ရှိ တရားရုံးက စက်တင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
ဘန်ကောက် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ပြည်နယ်များ၏ ထက်ဝက်နီးပါးသည် တိုက်ဖွန်းမုန်တိုင်း Dianmu ကြောင့် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ အကြီးအကျယ်ထိခိုက်ခဲ့ပြီး လူ ၇ ဦးထက်မနည်း သေဆုံးကာ ၁ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ထိန်းချုပ်ရေး တာဝန်ရှိသူများက စက်တင်ဘာ...
မနီလာ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ လက်ဝှေ့အကျော်အမော် နှင့် ဆီးနိုတ်အမတ် မင်နီပက်ကွီအိုသည် လာမည့် ၂၀၂၂ ခုနှစ် မေလ၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၎င်း၏ သမ္မတလောင်း အမည်စာရင်းတင်သွင်းမှုကို ယနေ့အောက်တိုဘာ ၁ ရက် (သောကြာနေ့) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေဆိုးဝါးလာရာ ယခုရက်သတ္တပတ် ၂ ပတ်အတွင်း ကိုဗစ်လူနာ ဦးရေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်က စက်တင်ဘာ ၃၀ ရက် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နျူကလီးယားရေငုပ်သင်္ဘောနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအား ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပြုံယမ်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် စက်တင်ဘာ ၃၀ ရက်က အသစ်တီထွင်ထုတ်လုပ်ထားသော လေယာဉ်ပစ်ဒုံးကျည်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသည် စက်တင်ဘာ ၃၀ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ၇၂ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ဂုဏ်ပြု ဧည့်ခံပွဲ အခမ်းအနားတစ်ခုကို ကျင်းပခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဂ်ဟာလာယာပြည်နယ်တွင် စက်တင်ဘာ ၃၀ ရက်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲပြုတ်ကျသဖြင့် လူ ၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ယနေ့မှစ၍ နေ့စဉ် ရွှေပိသာ ၂၀ ရောင်းချပေးလျက်ရှိကြောင်း၊ ရွှေဈေးနှုန်းတည်ငြိမ်ရေး အတွက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် ဆင်ဟွာသို့ပြောသည်။
ဗီယင်ကျန်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Power Construction Corporation of China (PowerChina) က တည်ဆောင်ထားသော Nam Ou River Cascade ရေအားလျှပ်စစ်စီမံကိန်း၏ စက်ရုံ ၇ ခုလုံး စွမ်းအင်လည်ပတ်မှု အပြည့်အဝ စတင်ဆောင်ရွက်ရေး အခမ်းအနားကို...