Connect with us

Culture

တရုတ်နိုင်ငံကမြန်မာ့ရုပ်ရှင် “ငဘ” ရိုက်ကူးမှုအတွက် ဒီဂျစ်တယ်နည်း ကူညီပြုပြင်မည်

ငဘရုပ်ရှင် ပိုစတာအားတွေ့ရစဉ် (ဓာတ်ပုံ-- Chinese Embassy )

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံက ” ငဘ” မြန်မာ့ရုပ်ရှင် အတွက် ဒီဂျစ်တယ်နည်းဖြင့်ကူညီပြုပြင်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က သြဂုတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခုနှစ်သည်တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့်နှစ်၇၀ပြည့်နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ်ဖြစ်သည့်အပြင် မြန်မာ့ရုပ်ရှင်နှစ်၁၀၀ပြည့် နှစ်လည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏မျှော်လင့်ချက်အရတရုတ်နိုင်ငံ နိုင်ငံတော်ရုပ်ရှင်ဗျူရို (China Film Administration) ၊ တရုတ်ရုပ်ရှင်မော်ကွန်းတိုက် (China Film Archive) နှင့်မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးတို့ က တရုတ်နိုင်ငံတွင်ကျန်ရှိခဲ့သည့်မြန်မာ့ရုပ်ရှင်ဟောင်းကော်ပီများ ရှာဖွေရန်မြန်မာနိုင်ငံအား တက်တက်ကြွကြွ ကူညီပေးခဲ့ပြီးလတ်တလောတွင်မြန်မာ့ရုပ်ရှင် “ငဘ”ဖလင်ကော်ပီအား ဒီဂျစ်တယ်နည်းဖြင့်ပြုပြင်မှုကို စတင်လုပ်ဆောင်နေပြီဖြစ်ကာ မြန်မာနိုင်ငံအားလက် ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ့ရုပ်ရှင်ဟောင်းများ ဒီဂျစ်တယ်နည်းဖြင့်ပြုပြင်ရန် ပူးပေါင်းဆောင်ရွက်မှုသည်တရုတ်မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုနှင့်ရုပ်ရှင်နယ်ပယ်တွင်ကူးလူးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်နိုင်မည်ဟုယုံကြည်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။  

“ငဘ”ရုပ်ရှင်ကို ၁၉၆၁ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာ မောင်ထင်ရေးသားသည့် အမည်တူဝတ္ထုအရ ရိုက်ကူးထားခြင်းဖြစ်ပါသည်။မြန်မာနိုင်ငံ၏ နာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားတွင် လယ်သမားတစ်ဦးဖြစ်သည့် ငဘ၏ မိသားစုဘဝ ကြုံတွေမှုများကို ပုံဖော် တင်ဆက်ထားပြီး၂၀ ရာစုနှစ် ၄၀စု နှစ်ပိုင်းတွင် မြန်မာနိုင်ငံတောင်သူလယ်သမားများ၏ ခက်ခဲကြမ်းတမ်းလှသောဘဝကိုဖော်ပြထားကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.