Connect with us

Culture

၂၀၂ဝ ပြည့်နှစ် မြန်မာနိုင်ငံ “တရုတ်ရုပ်ရှင်ပွဲတော်” အွန်လိုင်းမှတစ်ဆင့် ကျင်းပမည် 

တရုတ်ရုပ်ရှင်ပွဲတော်အကြောင်း ကြေညာထားသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar )

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) 

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၁) နှစ်မြောက်အထိမ်းအမှတ် ၊ တရုတ်-မြန်မာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့်အထိမ်းအမှတ် ၊ တရုတ်-မြန်မာယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂ဝ ပြည့်နှစ် မြန်မာနိုင်ငံတွင် “တရုတ်ရုပ်ရှင်ပွဲတော်” ကို အောက်တိုဘာ ၁ ရက်မှ စ၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယနေ့ထုတ်ပြန်ခဲ့သည်။ 

 COVID-19 ကပ်ရောဂါကြောင့် ယခုအကြိမ်ရုပ်ရှင်ပွဲတော်ကို တရုတ်အမျိုးသားနေ့ဖြစ်သည့် အောက်တိုဘာလ၁ရက်မှစ၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်ဖြစ်ရာ“ငါတို့နှစ်၄၀”၊“တိုက်ပွဲဝင်သူ”စသည့် မြန်မာဘာသာစာတန်းထိုး သို့မဟုတ် မြန်မာဘာသာ နောက်ခံစကားပြော တရုတ်နာမည်ကျော် ရုပ်ရှင်ဇာတ်ကား ၁ဝကား ကျော်ကို ပြသသွားမည်ဖြစ်ပြီး ကပ်ရောဂါကို တွန်းလှန်တိုက်ထုတ်နေကြသည့် တရုတ်-မြန်မာနှစ်နိုင်ငံမှ ပြည်သူများကိုခွန်အားနှင့်ပျော်ရွှင်မှုများ ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၂ဝပြည့်နှစ်မြန်မာနိုင်ငံ“တရုတ်ရုပ်ရှင်ပွဲတော်”ရုပ်ရှင်ဇာတ်ကားများကို http://myanmar.cri.cn/chinafilmfestival2020 သို့ဝင်ရောက်၍သော်လည်းကောင်း၊ QR Code ကိုScan ဖတ်၍သော်လည်းကောင်း ကြည့်ရှုနိုင်ကြောင်း သိရသည်။ ၂၀၂ဝ ပြည့်နှစ် မြန်မာနိုင်ငံ “တရုတ်ရုပ်ရှင်ပွဲတော်” ကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ၊ China Media Group နှင့် China Film Group Corporation တို့က ပူးပေါင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)