Connect with us

Culture

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ချုပ် တည်ဆောက်မည်

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ ချုပ် တည်ဆောက်ရေး ဆွေးနွေးပွဲတွင် ရှန်ဟိုင်းမြို့  ကျင်အမ်း ဘုရားကျောင်း ပဓာန နာယက ဆရာတော် Mr. Hui Ming မိန့် ကြားတော်မူစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ချုပ်ကို နေပြည်တော်တွင် လက်ရှိ အစိုးရ သက်တမ်းအတွင်း (၂၀၂၀ ခုနှစ် မကုန်မီ) အပြီး တည်ဆောက်ရန် စီစဉ် လျက် ရှိသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာကို ပြောသည်။

“အဲဒီအတွက်ကို ကျွန်တော်တို့ ဝန်ကြီးဌာနက တည်ဆောက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပြီးတဲ့ အခါ နိုင်ငံတော် သံဃာ့မဟာနာယကရဲ့ ဆုံးဖြတ်ချက်နဲ့ကျင်အမ်းအဖွဲ့ချုပ်က proposal တို့ ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရကိုတင်ပြပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တော့ လက်ရှိ အစိုးရရဲ့ သက်တမ်းအတွင်းမှာ ၂၀၂၀ ခုနှစ် မတိုင်မီမှာ အကောင်အထည် ဖော်နိုင်အောင် ကြိုးပမ်းသွားပါ့မယ်” ဟု ၎င်းက ပြောခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ချုပ် တည်ဆောက်ရေး ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ချုပ် တည်ဆောက်ရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး ပါဝင် ဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ချုပ် တည်ဆောက်ရေး ဆွေးနွေးပွဲတွင် ကျင်အမ်း ဘုရားကျောင်း အဖွဲ့ဝင် ရဟန်းတော်တစ်ပါး ဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ချုပ် တည်ဆောက်ရေး ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်နေကြစဉ် (ဆင်ဟွာ)

လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်နေကြစဉ် (ဆင်ဟွာ)

လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်နေကြစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ချုပ် တည်ဆောက်ရေး ဆွေးနွေးပွဲတွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

နိုင်ငံတော် သံဃာ့ နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများအား ဖူးမြော်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် မြန်မာနိုင်ငံသို့ ကြွရောက်လာသော တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ရှန်ဟိုင်းမြို့ ကျင်အမ်းဘုရားကျောင်း ပဓာန နာယက ဆရာတော်နှင့် အဖွဲ့ဝင် ကိုးဦးတို့အား နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ယနေညနေပိုင်းတွင် လက်ခံတွေ့ဆုံ ဆွေးနွေး အပြီး ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၂၀၀ ကျော် ရှိရာတွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှုက အနည်းဆုံး ဖြစ်နေပြီး ဗုဒ္ဓဘာသာမှာ ထေရဝါဒရော မဟာယာနရော နှစ်ခုပေါင်းမှ သန်း ငါးရာလောက်သာ ရှိနေကြောင်း၊ ကျန် ဘာသာများက အပြန်အလှန် ရိုင်းပင်းကူညီကြကြောင်း၊ အချို့ဘာသာများသည် ၎င်းတို့ ဘာသာဝင် နိုင်ငံ တစ်ခု — လူ့အဖွဲ့အစည်း တစ်ခု၊ အသိုက်အဝန်း တစ်ခုနှင့် အခြားဘာသာနှင့် ပဋိပက္ခဖြစ်လျှင် ဝိုင်းကြဝန်းကြ ပံ့ပိုးကြကြောင်း၊ ဗုဒ္ဓဘာသာကမူ ခန္တီတရား လက်ကိုင်ထားပြီး ဖာသိဖာသာ နေကြကာ ဗုဒ္ဓဘာသာ အချင်းချင်း ညီညွတ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းနေ ကြောင်း၊ ထိုအခြေအနေများကြောင့် အနာဂတ်မှာ ညီညွတ်သော ကမ္ဘာ့ ဗုဒ္ဓဘာသာ အဖွဲ့ ပေါ်ထွန်း လာဖို့ လိုအပ်သည် ဟု ယခင် နိုင်ငံတော် သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဖြစ်ခဲ့သည့် မကွေး ဆရာတော် ဘုရားကြီးက မိန့်ကြားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း လည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် “တရုတ်နိုင်ငံက မဟာယာနနဲ့ မြန်မာနိုင်ငံက ထေရဝါဒတို့ကို ပေါင်းစပ်ပေးလိုက်တာမျိုး မဟုတ်ပါဘူး ပူးပေါင်း ဆောင်ရွက်မှာသာ ဖြစ်ပါတယ် ဒီ ဘာသာရေး တစ်ခုတည်းသာ မကဘဲနဲ့ ကျန်တဲ့ အရေး အရာ ကိစ္စတွေမှာပါ ဗုဒ္ဓဘာသာနိုင်ငံတွေရဲ့ လိုအပ်ချက်တွေကို ပံ့ပိုး ကူညီမှုတွေ ဆောင်ရွက်နိုင်ဖို့ အသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့က အဓိကဖြစ်ပါတယ်” ဟုလည်း သူရ ဦးအောင်ကိုက ရှင်းပြခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အဖွင့် အမှာစကား စတင် မိန့်ကြားတော်မူခဲ့သည့် ကျင်အမ်းဘုရားကျောင်း ပဓာန နာယက ဆရာတော် ဟွေးမင်း (Mr. Hui Ming) က “ဒီကို မလာခင်က ဆရာတော် စိတ်ပူခဲ့ပေ မယ့် အခုတော့ အရမ်းပျော်ပါတယ်၊ ဆရာတော်ရဲ့ အဆိုပြုချက်ကို အဆွေတော် ပြည်ထောင်စုဝန်ကြီး က သဘောတူကြောင်းသိရလို့ အင်မတန် ဝမ်းမြောက်မိပါတယ်၊ သမိုင်းမှာ ဗုဒ္ဓဘာသာ တိုးတက် ထွန်းကားခဲ့သလို လက်ရှိ အခြေအနေကနေ ပြန်လည် တိုးတက်ထွန်းကားလာ

စေဖို့အတွက် ဒီနေ့ ဆွေးနွေးချက်ဟာ မြန်မာနိုင်ငံတော် သံဃာ့ နာယက ဆရာတော်ကြီး တရုတ်နိုင်ငံကို ကြွလာစဉ်က ဆွေးနွေးချက်တွေနဲ့ အတူတူပါပဲ၊ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဗုဒ္ဓဘာသာက အထောက်အကူ ပြုနိုင်ပါတယ်” ဟု ဆွေးနွေးပွဲ အပြီးတွင် မိန့်ကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်းလျှန်ကလည်း “ဒီလို နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး စင်တာကြီး တည်ဆောက်နိုင်ခြင်း ဟာ ဗုဒ္ဓဘာသာ ဖွံ့ဖြိုး တိုးတက်ဖို့သာမက တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးအတွက်ပါ အထောက်အပံ့ ကောင်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.