Connect with us

Culture

တရုတ်-မြန်မာ ပန်းချီပညာရှင်များ ပူးပေါင်း ကွင်းဆင်းခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် တရုတ်-မြန်မာ ပန်းချီပညာရှင်များ ပူးပေါင်း ကွင်းဆင်းခြင်း ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ပန်းချီပညာရှင်များ ပူးပေါင်း ကွင်းဆင်းခြင်း ဖွင့်ပွဲ အခမ်းအနား ယနေ့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာ ဟုန်လျန် က “ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆီကနေ နှစ်နိုင်ငံ ပန်းချီပညာရှင်များ ရဲ့ခရီးစဉ်အတွက် ထောက်ပံ့ ကူညီမှုတွေရခဲ့လို့ ကျေးဇူူူူးတင်ပါတယ်။ တရုတ် ပန်းချီပညာရှင်များ မြန်မာပညာရှင်များ နဲ့ ပူးပေါင်းပြီး လုပ်တဲ့ ခရီးစဉ်ဟာ ထူးခြားလေးနက်တဲ့ အဓိပ္ပါယ်ရှိပါတယ်။ တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး အတွက် စာမျက်နှာ အသစ်ဖွင့်လှစ်ပြီး နှစ်နိုင်ငံပြည်သူများ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ခိုင်မာပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး ခိုင်မာစေမှာ ဖြစ်ပါတယ်’’ ဟုပြောသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် တရုတ်-မြန်မာ ပန်းချီပညာရှင်များ ပူးပေါင်း ကွင်းဆင်းခြင်း ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်း ပန်းချီအကယ်ဒမီ အကြီးအကဲ မစ္စတာ ဝမ်မင်းမင်း တရုတ်-မြန်မာ ပန်းချီပညာရှင်များ ပူးပေါင်း ကွင်းဆင်းခြင်း ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်း ပန်းချီအကယ်ဒမီ အကြီးအကဲ မစ္စတာ ဝမ်မင်းမင်းအား တွေ့ဆုံမေးမြန်းနေစဉ် (ဆင်ဟွာ)

ယဉ်ကျေးမှု တက္ကသိုလ်မှ ကထိက ဦးတင်စိုး အား တွေ့ဆုံမေးမြန်းနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ပြသထားသော ပန်းချီကားများအား လှည့်လည် ကြည့်ရှုစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ပြသထားသော ပန်းချီကားများအား လှည့်လည် ကြည့်ရှုစဉ် (ဆင်ဟွာ)

အခမ်းအနားသို့ တက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံတွင် နက်ရှိုင်းသည့် ခင်မင်မှု၊ လှပသည့် ရှုခင်း၊ များပြားသည့် တိုင်းရင်းသား ဓလေ့ထုံးစံ များရှိကြောင်း၊ တရုတ်နိုင်ငံဘက်သို့ သွားရောက်ပန်းချီ ရေးဆွဲကြမည့် ခရီးစဉ်အားလည်း စီစဉ်နေကြောင်း၊ ပန်းချီပညာ ရှင်များ၏ ကောင်းမွန်သည့် လက်ရာများ နှင့် နှစ်နိုင်ငံယဉ်ကျေးမှုများအား ပန်းချီကားများမှ တစ်ဆင့် နှစ်နိုင်ငံ ပြည်သူများထံ ပေးပို့နိုင်မည် ဖြစ်ကြောင်း မစ္စတာ ဟုန်လျန်ကဆိုသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က “ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး အဆင့်မြှင့်တင်နိုင်ဖို့ အတွက် ဆိုတဲ့ ရည်ရွယ်ချက်ရော တရုတ်အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့ ရည်ရွယ်ချက်ရော အဲ့ဒီ့လို ရည်ရွယ်ချက်ကောင်းတွေကို သယ်ဆောင်လာတဲ့ ခရီးစဉ်ဖြစ်လို့ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့တွေ ငြိမ်းချမ်းစွာနဲ့ အပြန်အလှန် နားလည်မှုတွေ ရှိနေရတာတွေက ယဉ်ကျေးမှု ဖလှယ်ရင်းက ဖြစ်လာတဲ့ ချစ်ကြည်ရေး နဲ့ ငြိမ်းချမ်းမှုတွေကြောင့် ဖြစ်ပါတယ်’’ ဟု ပြောသည်။

တရုတ်နိုင်ငံ ပေကျင်း ပန်းချီအကယ်ဒမီ အကြီးအကဲ မစ္စတာ ဝမ်မင်းမင်း ဦးဆောင်သည့် ပန်းချီပညာရှင် ၈ ဦး သည် မြန်မာနိုင်ငံသို့ မတ်လ ၁၆ ရက်နေ့တွင် စတင် ရောက်ရှိခဲ့သည်။ ပုဂံ၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး ဒေသများသို့ ကွင်းဆင်းပြီး ယဉ်ကျေးမှု အနုပညာ လက်ရာများအား ကွင်းဆင်း လေ့လာမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ပေကျင်း ပန်းချီ အကယ်ဒမီ အကြီးအကဲ မစ္စတာဝမ်မင်းမင်း က “ယဉ်ကျေးမှု အနုပညာက နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် အလွန်အရေးကြီးတဲ့ ပေါင်းကူး တံတား ဖြစ်တယ်လို့ ခံစားမိပါတယ်’’ ဟု ပြောသည်။
ယဉ်ကျေးမှု တက္ကသိုလ်မှ ကထိက ဦးတင်စိုးက “တရုတ်-မြန်မာ နှစ်နိုင်ငံဟာ ယဉ်ကျေးမှုချင်း နီးစပ်ပြီး အိမ်နီးချင်း နိုင်ငံလည်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သဘာဝအလှ၊ ယဉ်ကျေးမှု မြင်ကွင်းတွေကို ပိုမို သိရှိအောင် ကွင်းဆင်း ဆောင်ရွက်တဲ့ အနေနဲ့ ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရင်း နှီးမှု ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ခြင်း ဖြစ်တယ်’’ ဟု ပြောသည်။
မြန်မာပန်းချီဆရာ ၇ ဦး သည် မေလတွင် တရုတ်နိုင်ငံသို့ ပူးပေါင်း ကွင်းဆင်းခြင်းအား ဆောင်ရွက်မည်ဟု သိရသည်။ ကြွရောက်လာကြသည့် ဧည့်သည်များသည် ပြပွဲတွင် ပြသထားသည့် ပန်းချီလက်ရာများအား ကြည့်ရှုကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117