Connect with us

Economy

China Eastern Airlines ၏ ရှန်ဟိုင်း – ရန်ကုန် -ရှန်ဟိုင်း တိုက်ရိုက် ခရီးစဉ်သစ်စတင်ပြေးဆွဲ


ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ပြေးဆွဲနေသော ကိုးခုမြောက် ခရီးစဉ်သစ်တစ်ခုဖြစ်သည့် China Eastern Airlines ၏ ရှန်ဟိုင်း – ရန်ကုန် -ရှန်ဟိုင်း တိုက်ရိုက် ခရီးစဉ်သစ်ကို ဇွန်လ ၁၈ ရက်နေ့ က စတင်ပျံသန်းပြေးဆွဲနေပြီဖြစ်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ယနေ့သတင်းထုတ်ပြန်သည်။

China Eastern Airlines ၏ ရှန်ဟိုင်း-ရန်ကုန်-ရှန်ဟိုင်း ခရီးစဉ်သစ်အတွက် Airbus ၃၂၀ အမျိုးအစားလေယာဉ်အား အသုံးပြုကာ ဇွန်လ ၁၈ ရက် က စတင်၍ တစ်ပတ်လျှင် သုံးကြိမ်ပျံသန်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ရှန်ဟိုင်း နှင့် ရန်ကုန် တိုက်ရိုက်ပျံသန်းပြေးဆွဲချိန်မှာ လေးနာရီ နှင့် မိနစ်ငါးဆယ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

China Eastern Airlines ၏ လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာစဉ် (ဓာတ်ပုံ– ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)

ရှန်ဟိုင်း-ရန်ကုန်-ရှန်ဟိုင်း တိုက်ရိုက်ခရီးစဉ်ပျံသန်းပြေးဆွဲမှုသည် မြန်မာနိုင်ငံ မှ နိုင်ငံတကာခရီးစဉ်များသို့ သွားရောက်မည့် ခရီးသည်များအတွက် ရှန်ဟိုင်းမြို့မှ တစ်ဆင့် အခြားနိုင်ငံများ သို့ ပိုမိုအဆင်ပြေလွယ်ကူစွာ ချိတ်ဆက်သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း China Eastern Airlines အနေဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ခရီးသည်ပေါင်း ၃၆၀,၀၀၀ ခန့် သယ်ယူဝန်ဆောင်မှုပေးသွားနိုင်မည် ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.