Connect with us

Sino-Myanmar

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အမျိုးသား ညှိနှိုင်းရေးယူနစ် (မြန်မာ) အဆောက်အအုံဆောက်လုပ်ပြီးစီး၍ စတင်အသုံးပြုနိုင်ပြီဖြစ်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အမျိုးသား ညှိနှိုင်းရေးယူနစ် (မြန်မာ) အဆောက်အအုံ အားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် Mekong-Lancang Cooperation National Coordination Unit (Myanmar) (မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အမျိုးသား ညှိနှိုင်းရေးယူနစ်) (မြန်မာ) အဆောက်အအုံတည်ဆောက်မှုစတင်ခဲ့ရာ လက်ရှိတွင် ဆောက်လုပ်ပြီးစီး၍ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအဆောက်အအုံသည် အကျယ်အဝန်းဧရိယာ စတုရန်းပေ ၃၀,၀၀၀ (စတုရန်းမီတာ ၂,၈၀၀ ခန့်) ရှိပြီး စုစုပေါင်းသုံးလွှာရှိကာ Multi-function ခန်းမ၊ အစည်းအဝေးခန်းမ၊ ဗီဒီယိုအစည်းအဝေးခန်းမ၊ မှတ်တမ်းရုံးခန်း စသည်တို့ ပါဝင်သည်။ အဆိုပါအဆောက်အအုံသည် တရုတ်-မြန်မာချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် တက်တက်ကြွကြွပါဝင်သည့် ကိုယ်စားပြုအဆောက်အအုံဖြစ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အမျိုးသား ညှိနှိုင်းရေးယူနစ် (မြန်မာ) ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန် အထောက်အကူပြုကာ မြန်မာနိုင်ငံက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနိုင်ငံ အတွင်းရေးမှူးရုံး တည်ထောင်ရန်အတွက်လည်း အခြေခံအုတ်မြစ်ချမှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)