Connect with us

Sino-Myanmar

Lancang-Mekong Cultural Exchange Youth Camp နှီးနှောဖလှယ်ပွဲကျင်းပခဲ့ခြင်းကြောင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်သဘောပေါက်မှုများ မြှင့်တင်ပေးနိုင်

Lancang-Mekong Cultural Exchange Youth Camp တွင် လူငယ်များ ပြင်ဦးလွင်မြို့၌ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့စဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ပံ့ပိုးမှုဖြင့် Lancang-Mekong Cultural Exchange Youth Camp ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့၌ ကျင်းပခဲ့ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်သဘောပေါက်မှုများ မြှင့်တင်ပေးနိုင်ခဲ့ကာ လန်ချန်း-မဲခေါင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းအမွေဆက်ခံရေး၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ် ချမှတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ဇွန် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Lancang-Mekong Cultural Exchange Youth Camp တွင် လူငယ်များ နေဝင်ချိန်ကြည့်ရှုပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

အဆိုပါလှုပ်ရှားမှုတွင် လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ လူငယ် ၂၀၀ ကျော် ပါဝင်ခဲ့ကြောင်း နိုင်ငံအသီးသီးမှ လူငယ်များသည် နှီးနှောဖလှယ်ပွဲတွင် ပန်းချီဆွဲခြင်း၊ ဒေသတွင်း လက်မှုပစ္စည်းများ ပြုလုပ်ခြင်း၊ တေးစပ်ခြင်း၊ ကကွက်ဖန်တီးခြင်း စသည့် စုပေါင်းလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ယဉ်ကျေးမှု၊ နှီးနှောဖလှယ်မှု အတွေးအခေါ်များ၊ နက်ရှိုင်းသော ချစ်ကြည်ရေး တို့ကို ပြသခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.