Connect with us

Sino-Myanmar

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအား မြန်မာနိုင်ငံ၌ကျင်းပ

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအစိုးရသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်၌ ခမ်းနားစွာကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန စသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် စီမံကိန်းဖော်ဆောင်သည့်ဝန်ကြီးဌာန ၁၄ ခုမှ ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအခြေစိုက် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံမှ သံတမန်များနှင့် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှကိုယ်စားလှယ်များ စုစုပေါင်း လူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး Mr. Chen Hai ကအမှာစကားပြောကြားရာတွင်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုယန္တရား စတင်ဖော်ဆောင်လာသည့် ၈ နှစ်အတွင်း၌ အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွမှုခွန်အားများဖြည့်သွင်းပေးပြီး ဒေသတွင်းလုံခြုံရေးအတွက် ခိုင်ခံ့သောဒိုင်းကာကြီးတည်ဆောက်ပေးကာ ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုအတွက် သံယောဇဉ်ကြိုးကို ခိုင်မြဲစွာချည်နှောင်လိုက်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် အောင်မြင်မှုအသီးအပွင့်များစွာပွင့်လန်းလာပြီး ဒေသခံပြည်သူများကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေကြောင်း၊ တရုတ်-မြန်မာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် တက်ကြွမှုခွန်အားနှင့် အလားအလာများရှိကြောင်း၊ တရုတ်ပုံစံခေတ်မီမှုသည် မဲခေါင်မြစ်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးစီးပွားအသစ်များ သယ်ဆောင်လာပေးသကဲ့သို့ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း စွမ်းဆောင်ချက်အသစ်များဖြည့်ဆည်းပေးလိုက်ကြောင်း၊ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသည့် အိမ်နီးချင်းနိုင်ငံများနှင့်သံတမန်ဆက်ဆံရေးအယူအဆကို တစ်ဆင့်တိုးကျင့်သုံးကာ မြန်မာနိုင်ငံ စသည့် မဲခေါင်မြစ်နိုင်ငံများနှင့်အတူ လန်ချန်း-မဲခေါင်အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်သွားပြီး ဒေသတွင်းပြည်သူများအကျိုးစီးပွားကို အဆက်မပြတ်တိုးမြှင့်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် လန်ချန်း-မဲခေါင်နိုင်ငံများသည်တစ်မြစ်ထဲရေ အတူသောက်သုံး၍ ကံကြမ္မာချင်းနီးကပ်စွာချိတ်ဆက်နေကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုယန္တရား စတင်ဖော်ဆောင်လာကတည်းက နိုင်ငံများသည် အပြန်အလှန်လေးစားကာ တန်းတူညီမျှဆက်ဆံ၍ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်အများအပြားရရှိရန် တွန်းအားပေးခဲ့သောကြောင့် မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အအောင်မြင်ဆုံးစံနမူနာဖြစ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံက မတည်ထူထောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေက မဲခေါင်မြစ်နိုင်ငံများကို ပံ့ပိုးကူညီပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံကဖော်ဆောင်သည့် စီမံကိန်း ၁၀၆ ခုသည် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွ အကျိုးထမ်းဆောင်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌ ထမ်းဆောင်စဉ်ကာလအတွင်း ကောင်းမွန်စွာတာဝန်ထမ်းဆောင်ခဲ့ပြီး အနာဂတ်တွင်လည်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဧည့်ခံပွဲအခမ်းအနား၌ လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ ရိုးရာအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။(၇) ကြိမ်မြောက် “လန်ချန်း-မဲခေါင်သီတင်းပတ်” အခါသမယတွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က ဂုဏ်ပြုအခမ်းအနားမျိုးစုံကျင်းပခဲ့သည်။ သံအမတ်ကြီး Mr. Chen Hai က မြန်မာအစိုးရသတင်းစာ မြန်မာ့အလင်း၊ The Global New Light of Myanmar တို့တွင် “အရည်အသွေးမြှင့် အဆင့်မြှင့်တင်နေတဲ့ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့်ဆောင်းပါးဖော်ပြခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က မြန်မာနိုင်ငံ Skynet ရုပ်သံလွှင့်ဌာန One News ရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုတွင် ပါဝင်ဖြေကြားခဲ့ပြီး သံရုံး New Media ပလက်ဖောင်းတွင် လန်ချန်း-မဲခေါင်ဗဟုသုတအမေးအဖြေပြိုင်ပွဲနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုရလဒ်ဗီဒီယိုများကို ပြသခဲ့သည်။ “လန်ချန်း-မဲခေါင်သီတင်းပတ်” အခါသမယတွင် မြန်မာနိုင်ငံကလည်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းလှုပ်ရှားမှုပေါင်း ၁၀ ခုကျော်ကျင်းပခဲ့သည်။ မြန်မာ့အလင်းသတင်းစာတွင်လည်း “မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ အဋ္ဌမမြောက်အားမာန်” ဂုဏ်ပြုဆောင်းပါးဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.