Connect with us

Politics

တရုတ် နိုင်ငံ ဝန်ကြီး ဆုန့်ထောင်း က တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံသစ်ဖြင့် မြန်မာနိုင်ငံ ပြည်သူလူထုအားကောင်းမွန်သည့် ကျန်းမာရေး လက်ဆောင် ပေးအပ်လိုကြောင်းပြောကြား

တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ကမ္ဗည်း ဆိုင်းဘုတ် ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီး ရောက်ရှိ နေသည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) က တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု အား ကောင်းမွန်သည့် ကျန်းမာရေး လက်ဆောင် ပေးအပ်လိုကြောင်း တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြစ်သော ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသစ် အကြိုဖွင့်ပွဲ အခမ်းအနား တွင် ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ ဗိုလ်ချုပ်ပြတိုက်လမ်း ရှိ တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် အကြိုဖွင့်ပွဲ အခမ်းအနား ကို သြဂုတ် လ ၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ ၌ ကျင်းပခဲ့ပြီး အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ ဦးမောင်မောင်စိုး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း တို့တက်ရောက်ပြီး တရုတ် နိုင်ငံ ဘက်မှလည်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် ဇနီး တို့လည်း တက်ရောက်ကြသည်။ ထို့ပြင် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ၊ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော် ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း ဥက္ကဋ္ဌ ဦးသစ္စာ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ ၁၀၀ ခန့် အခမ်းအနား ကို တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနား တွင် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော် က ဆေးရုံ သမိုင်းကြောင်း နှင့် ဆေးရုံ အဆင့်မြှင့်တင်ခြင်း နှင့်ပတ်သက်သည့် ကိစ္စရပ် များအား ရှင်းလင်းတင်ပြ ခဲ့ပြီး အဆင့်မြှင့်တင်ရန် အခက်အခဲ ရှိနေသော ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး နှင့် အဖွဲ့ တို့မှ အဆင့်မြှင့်တင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကို ကမ်းလှမ်း ခဲ့ပြီး မေလပိုင်းတွင် လာရောက်လေ့လာကာ ပြန်လည်ပြုပြင်ပေးရန် ဆွေးနွေးခဲ့ကြောင်း ၊ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် တရုတ် နိုင်ငံ NGO အဖွဲ့ဖြစ်သည့် “ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း” တို့မှ သဘောတူညီမှု စာချုပ်ရေးထိုးခဲ့ပြီး ဆေးရုံဆောက်လုပ်ရေးပိုင်း ကို အဆင်ပြေမြန်ဆန်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ယခု ကဲ့သို့ မြန်မာ နိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍ တိုးတက်မြင့်မားရန် ကူညီဆောင်ရွက်ပေးခဲ့သည့် အတွက်အထူးကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြစ်သော ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသစ် အကြိုဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ထို့နောက် တွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး အတွက် ထူထောင်ထားသည့် ဆေးရုံ တစ်ရုံ ဖြစ်ကြောင်း ၊ ဒေါ်ခင်ကြည်ဆေးရုံ သည် လက်ရှိချိန်တွင် အဆောက်အဦ အားဖြင့် ယိုယွင်းနေပြီး ဖြစ်သည့် အတွက် ရှေးဟောင်းပုံစံ ကို ထိန်းသိမ်းပြီး ခေတ်မီအဆောက်အဦ များဖြင့် ဝန်းရံ၍ အဆင့်မြှင့်တင်ခြင်း ကို ဆောင်ရွက် ခဲ့ကြောင်း ၊ ဆေးရုံ အဆင့်မြှင့်တင်ရန် အတွက် တရုတ် နိုင်ငံ မှ ကူညီဆောင်ရွက်မှုများကိုပေးအပ်ခဲ့ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ကျန်းမာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု တွင် ယခု ဒေါ်ခင်ကြည် ဆေးရုံ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မှု သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကို ပြသ သည့် သမိုင်း မှတ်တိုင် တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် လွတ်လပ်ရေးဖခင်ကြီး၏ ဇနီးဒေါ်ခင်ကြည် မျှော်မှန်းခဲ့သည့် အမျိုးသမီးများ ကို စောင့်ရှောက်ပေးနိုင်သည့် ၊ ကလေးငယ်များကို စောင့်ရှောက်ပေးနိုင်သည့် တာဝန်များကို ပြန်လည် ထမ်းဆောင်ပေးနိုင်မည့် ဆေးရုံ ဖြစ်လာတော့မည် ဖြစ်ကြောင်း ၊ ထို့အတွက်လည်း တရုတ် နိုင်ငံ မှ ဆေးရုံ အဆင့်မြှင့်တင်ရန် အတွက် အမေရိကန် ဒေါ်လာ ၂ သန်း ကို ကူညီပေးခဲ့ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ်သည် မြန်မာ နိုင်ငံ ပြည်သူလူထု ကို အထောက်အကူ ပြုနိုင်မည့် ဆေးရုံအနေဖြင့် ဆက်လက်၍ တည်ရှိသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြစ်သော ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသစ် အကြိုဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း က အမှာစကား ပြောကြားရာတွင် လတ်တလော နှစ်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး သည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး မြန်မာ နိုင်ငံ အစိုးရသစ် လက်ထက်တွင် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိအကြား ပိုမို အနီးကပ် ဆက်ဆံရေး တည်ရှိလာခဲ့ကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆက်သွယ်မှု နှင့် ဖလှယ်မှု တို့သည်လည်း အဆက်မပြတ် နက်ရှိုင်းလာခဲ့ပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု မှ အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြင့် မြန်မာ နိုင်ငံ ကျန်းမာရေး ကို အဆင့်မြှင့်တင်ပေးစေလိုပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး ကို ပိုမို တိုးမြှင့် နိုင်စေရန် မျှော်လင့်ကြောင်း ၊ ယနေ့လှူဒါန်းပေးမည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ကိရိယာ နှင့် ဆေးဝါကုသမှု ဆိုင်ရာ မော်တော်ယာဉ် တို့ဖြင့် တရုတ် နိုင်ငံ မှ ချစ်ခင်မေတ္တာသံယောဇဉ် ကို ပို့ဆောင်ပေးလိုကြောင်း ၊ မြန်မာ နိုင်ငံ ပြည်သူလူထု တို့ကျန်းမာချမ်းသာပြီး ပျော်ရွှင်သာယာဖွံ့ဖြိုးရန် ဆုမွန်တောင်းကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြစ်သော ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသစ် အကြိုဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ထို့နောက် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး ကိုယ်စား အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ကျေးဇူးတင် အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ ဖြစ်သည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံသစ် အား ဖွင့်လှစ် နိုင်ခဲ့ခြင်းသည် ကိုယ်ဝန်ဆောင် မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ကို အထူးပြု ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား ကျန်းမာရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု များစွာရှိပြီး ဥပမာ အနေဖြင့် မြန်မာ နိုင်ငံ မှ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ် များကို လည်း တရုတ် နိုင်ငံ သို့ အခမဲ့ အောင်မြင်စွာ ခွဲစိတ် ကုသပေး နိုင်ခဲ့ကြောင်း ၊ ထို့ပြင် လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ၌ ဖြစ်ပွား နေသည့် ရာသီ တုပ်ကွေးရောဂါ(H1N1) အတွက်လည်း လိုအပ်သည့် အကာအကွယ် ပစ္စည်းများ နှင့် ဆေးဝါး များကို ထောက်ပံ့ရန် စီစဉ် ဆောင်ရွက်နေသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသစ် သည် တရုတ်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည့် ရလဒ်ကောင်း တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော် က ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

ထို့နောက်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ကမ္ပည်း ဆိုင်းဘုတ် ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ခဲ့ပြီး တရုတ် နိုင်ငံ “ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း” မှ အတွင်းရေးမှူးချုပ် ရွှီကျန့်ကော က ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအတွက် ဆေးဘက်ဆိုင်ရာသုံး မော်တော်ယာဉ် တစ်စင်း ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦး နိုင်ငံလင်း ထံသို့ ပေးအပ်လှူဒါန်း ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး တွေ့ဆုံ စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး တွေ့ဆုံ စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး တွေ့ဆုံ စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တွေ့ဆုံ စဉ်(ဆင်ဟွာ)

မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ (NLD) ပါတီ နာယက ဦးတင်ဦး အား သွားရောက် တွေ့ဆုံ စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီရုံး သို့သွားရောက် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။ တွေဆုံ ဆွေးနွေးမှု အပြီး တွင် ဝန်ကြီး မစ္စတာ ဆုန့်ထောင်း နှင့် ဥက္ကဋ္ဌ ဦးခင်မောင်စိုး တို့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် အလင်းရောင်ဖောင်ဒေးရှင်း ၂၀၁၈-၂၀၂၀ ခုနှစ် အတွင်း ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက် ခဲ့ကြသည်။

မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် သြဂုတ်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်မြို့ ရှိ Chatrium ဟိုတယ် တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှု အပြီးတွင် မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ၌ ဆေးဝါးကုသမှု ခံယူနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦး အား သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.