Connect with us

Politics

တရုတ်-မြန်မာ ချစ်ကြည်ရေး လုပ်ငန်း အား အနာဂတ် တွင်လည်း ဆက်လက်၍ အလေးထား ဂရုပြုနေမည် ဖြစ်ကြောင်း သံအမတ်ကြီး ပြောကြား

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် အား နှုတ်ဆက်သည့် အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ တွင် (၄) နှစ် ခန့် တာဝန် ထမ်းဆောင် ခဲ့သည့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် နှုတ်ဆက်ပွဲ အခမ်းအနား အား မေလ ၂၄ ရက် ညပိုင်း အချိန် တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး သံအမတ်ကြီး က အနာဂတ် တွင် မည်သည့် နေရာ ရောက်ရှိနေသည် ဖြစ်စေ တရုတ်-မြန်မာ ချစ်ကြည်ရေး လုပ်ငန်း ကို အလေးထား ဂရုပြုနေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သံအမတ်ကြီး ဟုန်လျန် က နှုတ်ဆက်ပွဲ အခမ်းအနား ၌ မိန့်ခွန်း ပြောကြား ရာတွင် မိမိ တာဝန် ထမ်းဆောင်စဉ် အတွင်း မြန်မာ နိုင်ငံ ကဏ္ဍ အသီးသီး တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးတိုးတက် လာသည် ကို ကြုံတွေ့ ခဲ့ရကြောင်း ၊ မြန်မာ နိုင်ငံ က ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကြီးမား ပြီး မျှော်လင့်ချက်များ ပြည့်နက်နေကြောင်း ၊ မြန်မာ နိုင်ငံ ပြည်သူလူထု တို့ ၏ ယုံကြည်ချက် ၊ ခိုင်မာသည့် စိတ်ဓာတ် ၊ ဇွဲလုံ့လ ဖြင့် နိုင်ငံတော် အောင်မြင်မှု ကို ရရှိနိုင်စေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ၏ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ မှ မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းနေခြင်း အပေါ် ထောက်ခံအားပေးကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ လမ်းညွှန်မှု အောက်တွင် ရပ်ဝန်း နှင့် ပိုးလမ်းမ (Belt and Road) အား အတူတကွ တက်ကြွစွာ တည်ဆောက်လျက် ရှိပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး က ခေတ်ကာလသစ် သို့ ဝင်ရောက်လာသည် ကို ဝမ်းမြောက်ဖွယ်မြင်တွေ့ခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ၏ တောင်းဆိုချက် အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် အပြုသဘော ဆောင်သည့် အခန်းကဏ္ဍ ၌ တက်ကြွစွာ ပါဝင် ခဲ့ပြီး ရခိုင်အရေး တွင်လည်း ထောက်ခံအားပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ရပ်ဝန်း နှင့် ပိုးလမ်းမ က ပြည်သူ့ အား အကျိုးပြု သည့် လမ်းကြောင်း ဖြစ်ပြီး လတ်တလော နှစ်ပိုင်း အတွင်း နှစ်နိုင်ငံ ကဏ္ဍအသီးသီး ၌ ထိရောက်သည့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ မိမိ တာဝန်ထမ်းဆောင်စဉ် အတွင်း မြန်မာ နိုင်ငံ ဒေသ များ သို့ အကြိမ်များစွာ ကိုယ်တိုင်သွားရောက် ခဲ့ပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အတွက် များပြားသည့် အောင်မြင်မှုများ ရရှိစေခဲ့ကာ အနာဂတ် မည်သည့် နေရာ သို့ ရောက်ရှိနေသည် ဖြစ်စေ မိမိ အနေဖြင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အတွက် အင်အား ဖြည့်တင်းပေးနေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ဆက်ပွဲ အခမ်းအနား ၌ မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှုတ်ဆက်ပွဲ အခမ်းအနား ၌ မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် နှုတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် နှုတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ယနေ့မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် သံအမတ်ကြီး ဟုန်လျန် ၏ နှုတ်ဆက်ပွဲ အခမ်းအနား ဖြစ်ကြောင်း ၊ သံအမတ်ကြီး ဟုန်လျန် က ရဲရင့်မှု ၊ တက်ကြွမှု ၊ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်မှု တို့ဖြင့် တာဝန်ထမ်းဆောင် ခဲ့ပြီး တာဝန်ထမ်းဆောင်စဉ် အတွင်း နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အား ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေး အထိ တိုးမြှင့်ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ၊ သံအမတ်ကြီး အနေဖြင့် မြန်မာ နိုင်ငံ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ ၊ လူမှုရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများ ၊ နိုင်ငံရေး ဆိုင်ရာ ကိစ္စရပ် များ နှင့် နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ကိစ္စရပ်များ တွင် တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့သည့် အတွက် နှစ်နိုင်ငံ အကြား ရင်းနှီးမှု ကို တိုးမြင့် နိုင်စေခဲ့ကြောင်း ၊ မိမိ တို့အနေဖြင့် တရုတ် နိုင်ငံ သံအမတ်ကြီး ၏ ဆောင်ရွက်မှု အတွက် အမြဲ သတိရနေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ နှုတ်ဆက်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် နှင့် ပါတီအသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပြီး နိုင်ငံအသီးသီး သံရုံး မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ကုန်သည်လုပ်ငန်းရှင်များ နှင့် အသင်းအဖွဲ့ အသီးသီး မှ ကိုယ်စားလှယ်များ က တက်ရောက် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117