Connect with us

Politics

တရုတ် နိုင်ငံ တိဘက်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ၏ မြန်မာ နိုင်ငံ ခရီးစဉ် ယနေ့ ပြီးဆုံး

မြန်မာ နိုင်ငံ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) တိဘက် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Penba Tashi တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) တိဘက် ကိုယ်စားလှယ်အဖွဲ့၏ မြန်မာ နိုင်ငံ သို့လာရောက်လည်ပတ်သည့် ချစ်ကြည်လည်ပတ်ရေး ခရီးစဉ်သည် ယနေ့တွင် ပြီးဆုံး ခဲ့ကြောင်း သိရသည်။

တိဘက် ကိုယ်စားလှယ် အဖွဲ့၏ချစ်ကြည်လည်ပတ်ရေး ခရီးစဉ်အတွင်း မြန်မာ နိုင်ငံ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် အခြား တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် လည်း တွေ့ဆုံ ခဲ့ကြောင်း သိရှိရသည်။

တိဘက် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ၊ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဒုတိယ ဥက္ကဋ္ဌ Penba Tashi က တိဘက်ဒေသ သည် လက်ရှိချိန်တွင် စီပွားရေးသည် အလွန်ကောင်းမွန်လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးနေပြီး လူနေမှု အခြေအနေသည်လည်း အဆက်မပြတ် တိုးတက်နေကြောင်း ၊ သဘာဝ ပတ်ဝန်းကျင်သည်လည်း ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပြီး ဒေသတွင်းရှိ ပြည်သူလူထု တို့မှာလည်း ချစ်ခင်စည်းလုံးညီညွတ်မှု ရှိကြောင်း ပြောကြား ခဲ့သည်။

တိဘက် ဒေသရှိ ပြည်သူများအနေဖြင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိပြီး လူနေမှု အသိုင်းအဝိုင်း သည်လည်း တည်ငြိမ်အေးချမ်းကာ ပျော်ရွှင်စွာ လုပ်ကိုင်နေထိုင်နေရကြောင်း ၊ ဤအရာအားလုံးသည် တရုတ် ကွန်မြူနစ်ပါတီ၏ ထူးချွန်ထက်မြက်သည့် ခေါင်းဆောင် နှင့် ဗဟို အစိုးရ၏ နွေးထွေးကြင်နာမှု များကြောင့် ဖြစ်ကြောင်း Penba Tashi ကပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် မှ တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) တိဘက် ကိုယ်စားလှယ် အဖွဲ့ အားလက်ခံတွေ့ဆုံစဉ်(ဆင်ဟွာ)

ထို့ပြင် Penba Tashi က မြန်မာ နိုင်ငံ၏ ကာလ တစ်လျှောက်လုံး “တရုတ် တစ်နိုင်ငံ တည်းမူဝါဒ” ကိုထောက်ခံ ခဲ့သည့်အတွက် ချီးမွမ်းကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တိဘက် နှင့် အခြား အဓိက ကိစ္စရပ်များတွင် တရုတ် နိုင်ငံ၏ ရပ်တည်မှုများကို ဆက်လက် ထောက်ခံပေးသွားစေ လိုကြောင်းပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် အခြားအရာရှိများမှ တိဘက် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရာတွင် တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တိုးတက်ဖွံ့ဖြိုးမှု အတွက် ဝမ်းမြောက်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တန်ဖိုးထားပြီး ဆက်လက်၍ တရုတ် တစ်နိုင်ငံ တည်းမူဝါဒကို ထောက်ခံသွားမည်ဖြစ်ကြောင်း ၊ ရိုးရာချစ်ကြည်ဆက်ဆံရေးကို မြင့်တင်ကာ ကုန်သွယ်ရေး နှင့် နှစ်နိုင်ငံ စာပေယဉ်ကျေးမှု ဖလှယ်ခြင်းတို့ကိုလည်း တိုးမြှင့်လိုကြောင်း ၊ တရားရေး အဖွဲ့အစည်းများနှင့် ဒေသတွင် ဖလှယ်မှုများ ပိုမို နက်ရှိုင်းအောင်ဆောင်ရွက်ကာ နှစ်နိုင်ငံ ပြည်သူလူထု ကို အကျိုးပြုသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.