Connect with us

Politics

ပြည်ခိုင်ဖြိုး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံ

ပြည်ခိုင်ဖြိုး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် ယနေ့ ဧပြီလ ၆ ရက်တွင် နေပြည်တော်ရှိ USDP ပါတီ ဌာနချုပ်၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်း နှင့်အတူ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း နှင့် ပါတီ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဦးခင်ရီ ၊ ဦးပိုက်ထွေး ၊ ဦးဝေလွင် ၊ ဦးသန်းဌေး နှင့် ဒေါက်တာ မောင်မောင်ဌေးတို့ ပါဝင်တက်ရောက် ခဲ့သည်။

ပြည်ခိုင်ဖြိုး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)

ပြည်ခိုင်ဖြိုး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက် အရ ၂ ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီ ၅ ရက်မှ စ၍ မြန်မာနိုင်ငံသို့ ရောက်ရှိလျက်ရှိသည်။ (Xinhua)