Connect with us

Politics

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့သည် ယနေ့ ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှိ ဇေယျာသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် ယမန်နေ့ ဧပြီလ ၅ ရက်တွင် စတင် ရောက်ရှိလာခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ (Xinhua)