Connect with us

Politics

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ကို လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား ယနေ့ ဧပြီလ ၆ ရက် ညနေပိုင်း အချိန်တွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် နှင့် စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူတို့ ပါဝင် တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၏ မြန်မာပြည် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဧပြီလ ၅ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဧပြီလ ၆ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် လည်းကောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း အပါအဝင် ပါတီ ဗဟို ကော်မတီဝင်များနှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဧပြီလ ၅ ရက်မှ စတင်၍ ၂ ရက်အကြာ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ( Xinhua)