Connect with us

Politics

တရုတ်နိုင်ငံအနေဖြင့် မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်အစအဆုံးကို ကူညီပေးခဲ့ဟု ပြည်ထောင်စု ဝန်ကြီးဆို

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး Mr.Sun Guoxiangနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ အား မီဒီယာများက မေးမြန်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အစအဆုံးလုပ်ငန်း ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၈ ဖွဲ့ နှင့် အစိုးရတို့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနား အပြီးတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး Mr.Sun Guoxiangနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ပူးတွဲပြီး တရုတ်နှင့်မြန်မာ သတင်း မီဒီယာများကို အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

“တရုတ်နိုင်ငံက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစမှ အဆုံး အကူအညီ ပေးနေတယ်၊ တရုတ်နဲ့ နောက်ထပ် လုပ်ရမယ့်အလုပ်တွေ အများကြီးရှိတယ်၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရအောင် အားလုံးဆောင် ရွက်သွားမယ်၊ တရုတ်နိုင်ငံရဲ့ အထောက်အပံ့လဲ အများကြီးရပါတယ်၊ သူတို့နဲ့လဲ လက်တွဲပြီး ဆောင်ရွက်သွားမယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ခြင်းသည် တရုတ်နိုင်ငံ၏ အကူအညီများစွာပါပြီး လက်မှတ် ရေးထိုးရန် ကျန်ရှိနေသော အဖွဲ့များနှင့် လက်မှတ် ရေးထိုးရန်လည်း တရုတ်နိုင်ငံ၏ အကူအညီများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး Mr.Sun Guoxiang အား မီဒီယာများက မေးမြန်းနေစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အိမ်နီးချင်း နိုင်ငံအနေဖြင့် အမြဲ အလေးထားကာ တွန်းအားပေးရန် တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အချို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးရာတွင် ပါဝင်လာခြင်း မရှိသော်လည်း NCA စာချုပ်ပါ အကြောင်း အရာများကို သဘောတူသည့် အတွက် ကောင်းသော ရလဒ် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး Mr.Sun Guoxiang က ပြောကြားသည်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ထိုးဖို့ အမြဲ တိုက်တွန်းတယ်၊ နောက်ဆုံးထိ တိုက်တွန်း ခဲ့ပါတယ်၊ ကျွန်တော်တို့ဟာ တိုက်တွန်းသူ၊ ထောက်ခံသူ ဖြစ်ပါတယ်၊ ဒါပေမယ့် ဆုံးဖြတ်သူ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ သူတို့ကို ကိုယ်စားပြုပြီး ဆုံးဖြတ်လို့ မရပါဘူး၊ မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်လက် လုပ်ဆောင်ပေးမယ်၊ ကူညီပေးမယ်”ဟု ၎င်းက ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို open book အဖြစ် ထားထားပေးမည် ဖြစ်သောကြောင့် မကြာမီ အချိန်တွင် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ပါဝင်လာနိုင်ဖွယ် ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး / ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU / KNLA-PC)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/ SSA-S) တို့ ယနေ့ လက်မှတ် ရေးထိုးခဲ့သည်။ (Xinhua)