Connect with us

Social

တရုတ်နိုင်ငံက ရခိုင်ပြည်နယ်သို့ ယာဉ် အစီး ၂၀ လှူဒါန်း

တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းများတွင် အသုံးပြုရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံအစိုးရထံ မော်တော်ယာဉ် အစီး ၂၀ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang က “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းများမှာ အသုံးပြုဖို့ မော်တော်ယာဉ် အစီး ၂၀ မြန်မာနိုင်ငံ အစိုးရကို ကူညီထောက်ပံ့ခြင်းဖြစ်ပါတယ်၊ ရခိုင် ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ရင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်း အားထုတ်မှုအပေါ် တရုတ် နိုင်ငံက အစဉ်တစိုက် အားပေး ထောက်ခံပြီး အကြမ်းဖက်မှု ပပျောက်ရေး၊ ပြန်လည်ဝင်ရောက် လာရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် အဆင့် သုံးဆင့် ဖြေရှင်းရေး နည်းလမ်းကို အဆိုပြုရန် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုကို ရရှိစေပါတယ်၊ မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူ စာချုပ်အတိုင်း နေရပ် စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာရေး လုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့် ပါတယ်”ဟု ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကျေးဇူးတင် စကား ပြောကြားစဉ် (ဆင်ဟွာ)

သံအမတ်ကြီး Mr. Hong Liang က ဒေါက်တာ ဝင်းမြတ်အေးထံ လွှဲပြောင်းခြင်း စာရွက်စာတမ်းများ ပေးအပ်စဉ် (ဆင်ဟွာ)

ဒေါက်တာ ဝင်းမြတ်အေးက သံအမတ်ကြီး Mr. Hong Liang ထံ ဂုဏ်ပြုလွှာ ပေးအပ်စဉ် (ဆင်ဟွာ)

ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံ လွှဲပြောင်းခြင်း စာရွက်စာတမ်းများ ပေးအပ်စဉ် (ဆင်ဟွာ)

မှတ်တမ်းတင် စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

NRPC အဆောက်အအုံ အရှေ့ရှိ လှူ ဒါန်းထားသော မော်တော်ယာဉ်များ အနီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက် လာရေး၊ နေရာချထားရေး လုပ်ငန်း ကို အားပေးထောက်ခံဖို့အတွက် မြန်မာနိုင်ငံ အစိုးရ၏ လိုအပ်ချက်နှင့်အညီ မိမိတို့တတ်နိုင် သလောက် ဆက်လက် ကူညီပေးသွားမည် ဖြစ်ကြာင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အခက်အခဲ ဖြစ်တဲ့ အခါတိုင်း အကူအညီ အများဆုံး ပေးခဲ့တဲ့ အတွက် များစွာ ကျေးဇူးတင်ပါတယ်၊ ပြီးခဲ့တဲ့ နှစ်ကလည်း နေရပ်စွန့် ခွာသူများ ပြန်လည် နေရာချထားရေးအတွက် အဓိက လိုအပ်တဲ့ Assembled Board House(ABH) နေအိမ်အလုံး ၁၀၀၀ ကို တရုတ် နိုင်ငံက လှူဒါန်းခဲ့ပါတယ်၊ အခု မော်တော်ယာဉ် အစီး ၂၀ လှူဒါန်းတဲ့ အတွက်လည်း ကျေးဇူးအထူး တင်ရှိပါတယ်၊ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များမှာ လိုအပ်တဲ့ တခြား အကူအညီများကို ထပ်မံ ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောကြားခဲ့သည်။

ပြန်လည် လက်ခံ နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်ပေးထားသည့် SINO brand ၃၅ ယောက်စီး ထရပ်ကား ၂၀ စီးဖြင့်သာ သယ်ယူ ပို့ဆောင်ပေးလျက် ရှိကြောင်း၊ လုပ်ငန်းများ မြန်ဆန်ချောမွေ့စေရေးအတွက် မိမိအနေဖြင့် ပြီးခဲ့သည့် သြဂုတ်လတွင် တရုတ်သံအမတ်ကြီးထံ မော်တော်ယာဉ် အစီး ၂၀ လှူဒါန်းပေးနိုင်ရေး မေတ္တာရပ်ခံခဲ့ကြောင်း၊ တရုတ်နိုင်ငံက လှူဒါန်းသော SINO brand ထရပ်ကား ၂၀ စီးသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် NRPC သို့ ရောက်ရှိလာကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်လာသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက “ဒီယာဉ် တွေကို သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွေ၊ နောက်ပြီးတော့ ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေမှာ လည်း သုံးနိုင်ပါတယ်၊ ဒါကြောင့် ဝန်ကြီးဌာနအလိုက် လိုအပ်ရင် ဖွံ့ဖြိုးရေး ကဏ္ဍတွေအတွက်လည်း ဆက်ပြီး သုံးစွဲသွားလိုပါတယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ လူ ကယ် ပြန် ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့ မှ ဒုတိယ ဝန်ကြီးများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး ကော်မတီဝင်များ နှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်းလည်း တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117