Connect with us

Social

“ပိုးလမ်းမ ရုပ်ရှင် ပွဲတော်” ဒုတိယ အကြိမ် တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲ အတွက် ရုပ်သံများ ပေးပို့ရန် ဖိတ်ခေါ်


ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

“ပိုးလမ်းမ ရုပ်ရှင် ပွဲတော်” ဒုတိယ အကြိမ် တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲအား ဧပြီလ (သြင်္ကန် ပွဲတော်) ကာလ အတွင်း တရုတ်နိုင်ငံ ၊ ယူနန် ပြည်နယ် ၊ တက်ဟုန်း ပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပ သွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် ရုပ်သံများ ပေးပို့ရန် ဖိတ်ခေါ်လျက် ရှိကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ပြိုင်ပွဲသည် ယခင်က The Belt and Road တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲ အဖြစ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် “ပိုးလမ်းမ ရုပ်ရှင် ပွဲတော်” ဒုတိယ အကြိမ် တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲ အဖြစ် အမည် ပြောင်းလဲ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အတွင်း ကျင်းပခဲ့သော The Belt and Road တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲအား တွေ့ရစဉ်(ဓာတ်ပုံ – ပြပွဲ ကော်မတီ)

၂၀၁၈ ခုနှစ် အတွင်း ကျင်းပခဲ့သော The Belt and Road တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲအား တွေ့ရစဉ်(ဓာတ်ပုံ – ပြပွဲ ကော်မတီ)

ပြိုင်ပွဲတွင် Micro Film ၊ Micro မှတ်တမ်း ရုပ်ရှင် ၊ Micro ကာတွန်း ရုပ်ရှင် ၊ VCR ကြော်ငြာ နှင့် ပြည်သူ့နီတိ ကြော်ငြာ စသည့် ပုံစံ ၅ မျိုးဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲကို နိုင်ငံတကာ အဆင့်ရှိ ဒိုင်လူကြီးများ ၊ တရုတ်နိုင်ငံတော် အဆင့်ရှိ ဒိုင်လူကြီးများကို ဖိတ်ကြား၍ ပြိုင်ပွဲဝင် ရုပ်သံများကို အမှတ်ပေး ရွေးချယ် သွားမည် ဖြစ်ပြီး ရွေးချယ်ခံရသော ထူးချွန်သည့် လက်ရာများကို ရုပ်သံလိုင်းများ ၊ အင်တာနက်များ စသည့် မီဒီယာ platform များတွင် The public screening အဖြစ် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် လက်ရာများအား ဖေဖော်ဝါရီ ၁၈ ရက်မှ မတ်လ ၂၅ ရက် အထိ လက်ခံမည် ဖြစ်ကြောင်း ၊ ပါဝင်ယှဉ်ပြိုင်သည့် လက်ရာများမှာ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရိုက်ကူးပြီးစီးသည့် လက်ရာများ ဖြစ်ရမည် ဖြစ်ပြီး ပြသချိန် ၂၅ မိနစ် အတွင်း ဖြစ်ရမည် ဖြစ်ကြောင်း ၊ ပါဝင် ယှဉ်ပြိုင်လိုသူများ အနေဖြင့် [email protected] သို့ပေးပို့နိုင်ကြောင်း သိရသည်။

“ပိုးလမ်းမ ရုပ်ရှင် ပွဲတော်” ဒုတိယ အကြိမ် တယ်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲ ပထမဆုအား ဆုကြေး တရုတ် ယွမ်ငွေ ၁ သိန်း ၊ Micro Film ပြိုင်ပွဲ အကောင်းဆုံးဆုအား ဆုကြေး တရုတ် ယွမ်ငွေ ၁ သောင်း တို့နှင့် အတူ ဂုဏ်ပြု မှတ်တမ်းလွှာ ၊ ဆုဖလား တို့ကို ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ အနေဖြင့် ထူးချွန်သော လက်ရာများကို ပြည်ပ သက်ဆိုင်ရာ ရုပ်ရှင် ပွဲတော် ၊ ရုပ်ရှင် ပြပွဲတို့တွင် နိုင်ငံတကာ အဆင့် တင်ဆက် ပြသမှုများ လုပ်ဆောင်မည် ဖြစ်ပြီး The Belt and Road တစ်လျှောက်ရှိ နိုင်ငံများတွင် လှည့်လည် ပြသပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို တက်ဟုန်းပြည်နယ်ခွဲအနေဖြင့် The Belt and Road စီမံကိန်း တစ်လျှောက်ရှိ နိုင်ငံများနှင့် ပြည်သူ များ အကြားတစ်စိတ်တစ်ဝမ်းတည်းရှိလာစေရန် ၊ တရုတ်နိုင်ငံနှင့် အိမ်နီးနားချင်း နိုင်ငံများအကြား ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် ယဉ်ကျေးမှု များရောယှက်၍ ခိုင်မာသည့် ပေါင်းကူးတံတားတစ်ခုဖြစ်လာစေရန်၊ တက်ဟုန်းပြည်နယ်ခွဲ၏ ပထဝီအားသာချက်ဖြင့် The Belt and Road စီမံကိန်းအတွက် အားသစ်လောင်းနိုင်ရန်၊ လူစွမ်းအားနှင့် ယဉ်ကျေးမှု စွမ်းအားများ ပိုမိုကျယ်ပြန့်စွာ အကျိုးသက်ရောက်မှု ရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)